အရေးပေါ်တားဆေး
အရေးပေါ်တားဆေး သောက်ပြီး အန်ရင် အသစ်ထပ်သောက်ရတာ သိပါတယ်။ အခုက အန်တာမဟုတ်ဘဲ ဝမ်းသွားတာပါ။ မသောက်ခင်က ဗိုက်နာလို့ တစ်ခါသွားတယ်။ ပြီးတော့ သောက်ပြီး ထပ်သွားတယ်။ ပထမတစ်ခါကပျော့ပြီး ဒုတိယတစ်ခါကြ အရည်တေပါ။ သိချင်တာက အသစ်ထပ်သောက်ဖို့လိုလားဟင်။ ဖြေပေးကြပါဦးဆရာတို့ရယ်
ပိုသိချင်တာက အရေးပေါ်တားဆေးက ovulation ဖြစ်နေပြီဆိုရင်အသုံးမဝင်တော့ဘူးဆိုတာ တကယ်ပဲလားဟင်။ September 27က ရာသီလာပြီး 10ရက်နေ့မှာ မှားမိကြတာမို့လို့ပါ။ မှားတာကလည်း မတော်တဆ ထိမိရုံလေးကိုမှ safe ဖြစ်အောင် တားဆေးသောက်တာပါ။ ဆေးသာအသုံးမဝင်ရင် ဘာလုပ်ရမလဲဟင် IUD ထည့်တာတွေဘာတွေကရော အဆင်ပြေလောက်လား ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်လဲ မေးတာများသွားရင် ခွင့်လွှတ်ပါနော် ဆရာတို့















ဝမ်းသွားတာက သောက်ပြီး ဘယ်လောက်အကြာမှာ သွားတာလဲ၊ ဝမ်းသွားနေတယ်ဆိုတည်းက အူက ဆေးကို ကောင်းကောင်းစုပ်ယူနိုင်မှာမဟုတ်လို့ သောက်ဖို့ လိုနိုင်ပါတယ်။
သားဥကြွေချိန်ဆို တားဆေးရဲ့ အာနိသင်က သိပ်မသေချာတော့ပါဘူး။ ဆိုလိုတာက သားဥကြွေပြီးသားဖြစ်တဲ့အတွက် သုက်ကောင်နဲ့မပေါင်းအောင် တားဆေးက အမီတားနိုင်မလားဆိုတာ ဘယ်သူမှ မသိပါဘူး၊ ခန့်မှန်းရလည်း ခက်ပါတယ်။
IUDထည့်မယ်ဆို စနေတဲ့ရက်ကနေ ၅ရက်အတွင်း ထည့်လို့ ရပါတယ်။ သူကလည်း သားဥကြွေချိန်နဲ့ တိုက်ဆိုင်နေရင်၊ အတူနေပြီးသား သုက်ကောင်တွေက မိန်းမကိုယ်ထဲဝင်ပြီးသားဖြစ်တဲ့အတွက် အာနိသင်က ခန့်မှန်းရခက်ပါတတယ်။