ကိုယ်ဝန်ရနိုင်လားရှင့်
ညီမအရင်လတွေက7/8/9ဝန်းကျင်ရာသီလာလေ့ရှိပါတယ်
အခု2လပိုင်း2ရက်နေ့ကရာသီစလာပါတယ် ရာသီစမလာခင်တပတ်ကျော်လောက်ကလဲ အရေးပေါ်တားဆေးသောက်ထားပါသေးတယ် ညီမပုံမှန်ဆိုရာသီက4/5ရက်ကြာတတ်ပေမဲ့ အခု2လပိုင်း2ရက်နေ့ကနေ4ရက်နေ့ထိပဲလာပါတယ်4ရက်နေ့တောင်နည်းနည်းပါပဲ (ညီမဘဝမှာပထမဆုံးရာသီလာတဲ့ရက်မှာ2ရက်ပဲလာပီးကျန်အခါတွေအကုန်5ရက်ထိကြာတတ်ပါတယ်အခုအခါပဲ3ရက်ပဲကြာပြီးနောက်ဆုံးရက်တောင်နဲနဲပဲမလို့ပါရှင့်) 5ရက်နေ့ကျအမျိုးသားနဲ့အကာကွယ်မပါဘဲအတူနေလိုက်ပါတယ် ရာသီလာပီး7ရက်အတွင်းဆိုစိတ်ချရတယ်ဆိုပီးနေလိုက်တာပါ တကယ်ပဲစိတ်ချရနိုင်လားရှင့် ရာသီလာနည်းတာကရောအရေးပေါ်တားဆေးကြောင့်ဆိုင်နိုင်လားရှင့်
















