အဖြူအရည်ကျဲ၊အဖြူဖက်တွေဆင်းပြီး၊မိန်းမကိုယ်ယားခြင်း၊မိန်းမကိုယ်ပတ်လည်ကွဲခြင်း
ညီမက bf နဲ့ တစ်ခါတလေ sex ရှိပါတယ်။ အရင်ကတော့ဘာမှမဖြစ်ပါဘူး။ခုနောက်ပိုင်း အတူနေရင် မိန်းမကိုယ်ပတ်လည်ကွဲလာတာပါ။ ပုံမှန်အညင်သာဆုံးဖြစ်လည်းကွဲတာပါပဲ။အခုဆို အတူနေပြီး နောက်ရက်ရောက်ရင် အဖြူအရည်ကျဲဆင်းပြီးယားပါတယ်။ အဖြူဖက်၊ ဝါနုအဖက်လေးတွေပါပါတယ်။ ယားတော့မကုတ်ပဲ ဖိပွတ်ရုံနဲဲ မိန်းမကိုယ်ဘေးပတ်လည်က ကွဲပါတယ်။ ရေသူတ်ရင်လည်းအဆင်မသင့်ရင်ကွဲသွားပါတယ်။အရင်က အတူနေခဲ့တာ ရက်သိပ်မခြားတာတောင် ကွဲတာ အဖြူတွေဆင်းပြီးယားတာမရှိခဲ့ပါဘူး။ခုက တလတစ်ကြိမ်၊ နှစ်လတစ်ကြိမ်နေဖြစ်ရင်တောင် လုံးဝအတူေနလို့မရဘဲ မိန်းမကိုယ်ပတ်လည် အောက်နားတွေကွဲတာပါ။ မိန်းမကိုယ်ပတ်လည်က အသားရည်ကတင်းပြီး sensitive ဖြစ်လွန်းလာတာပါ။ တော်တော်လေးလည်းစိတ်ဓာတ်ကျပြီး ဘာလုပ်ရမလဲမသိလို့ပါရှင့်။ မိနိးမကိုယ်ကအဲ့အဖြူတွေဆင်းရင်ယားတာကလည်းတော်တော်ခံကခက်လို့ပါ။ ပုံက အဖြူဆင်းတုန်းကပါတဲ့အဖက်ပါရှင့်။ပုံကအမြင်မတော်ရင်တောင်းပန်ပါတယ်ရှင့်။
ချောဆီသုံးပြီး နေကြည့်ပါ
ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေရော အသားခြောက်ပြီး ကွဲသလား
မိန်းမကိုယ်အတွက် ဆပ်ပြာသုံးသလား