ဂုတ်ကျီးပေါင်း

ဆရာမရှင့် ညီမအသက်က၁၉နှစ်ပါ လွန်ခဲ့တဲ့၂ပတ်လောက်ဖျားပြီး နှာရည်ကျတော့ ခေါင်းအုံးအမြင့်ကြီးနဲ့အိပ်လိုက်မိတာ ဇာတ်ကျောတေတအားတက်တာ၁ပတ်ကျော်လောက်ထိလုံးဝမသက်သာပါဘူး နောက်တော့ ဇာတ်တေတအားတောင့်ပြီး လက်ပျင်ကြောတေလည်းနာ လက်မောင်းတေကိုက်ပြီးလက်ကောက်ဝတ်ထိကိုက်လာပါတယ် ခေါင်းကိုက်ပြီး မျက်ရိုးတေလည်းကိုက်ပါတယ် တခါ"တခါ ခေါင်းပါကျဥ်လာတတ်ပါတယ် ဆေးခန်းသွားပြတော့ ကျီးပေါင်းလို့ပြောပါတယ် ဆေးတလုံးထိုးပေးလိုက်တော့ ဇာတ်ကတင်းတာလျော့သွားပေးမဲ့ လက်ကတဖက်မဟုတ်တဖက်ကအမြဲကိုက်နေပါတယ် အခုကျော့ရိုးအပေါ်ပိုင်းကပါနည်း"အောင့်လာလို့ပါ ခေါင်းကလည်းကိုက်နေတုန်းပါပဲ သောက်ဆေးက အကိုက်အခဲပျောက်ဆေးနဲ့ သွေးအားနည်းေနလို့ သံဓာတ်အားဆေးဆွဲသောက်ခိုင်းလိုက်ပါတယ် ဂုတ်ကျီးပေါင်းယောဂ တေလည်းတနေ့ ၃ခါလောက်လုပ်ဖြစ်ပါတယ် တခုခုကို၁၅မိနစ်လောက်အာရုံစိုက်ပြီးတာနဲ့ ဇာတ်တေကတအားညောင်းလာလို့ပါ မျက်စိကလည်း ဘေးတေအပေါ်တေဆွေကြည့်ရင်တင်းနေတုန်းပါပဲ

ညီမသိချင်တာက ဂုတ်ကျီးပေါင်းကအမြဲ အဲ့လိုပဲ ခံစားနေရတာလားရှင့် မပျောက်တော့ဘူးလို့ပြောကြလို့ပါ ညီမကg12ကျောင်းသူမို့ စာလုပ်ရတာတော်"အခက်အခဲဖြစ်နေလို့ပါ ဇာတ်ကနာနေတာနဲ့ ဘာမှမလုပ်နိုင်ဘဲ အမြဲငိုပဲငိုချင်နေလို့ပါ ဆရာမဖြေပေးပါဦးရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1

မှတ်ချက် 1ခု

အကြောလျှော့ပါ နာတဲ့ကိုက်တဲ့အခါ အကိုက်အခဲပျောက်ဆေး သောက်ပါ

ဇက်ကျီးပေါင်းက သေချာချင်ရင် ဓာတ်မှန်ရိုက်မှ သိမှာပါ

ကျီးပေါင်းဖြစ်ဖို့ကတော့ ငယ်လွန်းပါသေးတယ်

အကြာကြီး ငုံ့ရင်တော့ ဖြစ်တတ်ပါတယ်

Positionတစ်ခုတည်းနဲ့ အကြာကြီး မနေပါနဲ့

လွန်ခဲ့သော တစ်ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်