ကိုယ်ဝန်ရှိမရှိသိချင်ပါတယ်

ကျွန်ုပ်၏ချစ်သူကောင်မလေးနှင့်ကျွန်တော်သည်အရွယ်ရောက်ပြီး အသက်ပြည့်ပြီးသူများဖြစ်ပါသည်။ သူမနှင့်ကျွန်တော်သည် ၁၂ရက်နေ့တွင်အတူတူနေခဲ့ပါသည်။ အတူတူနေချင်းမှာ လိင်ဆက်ဆံချင်းမရှိပါဘူး, သို့ပေမဲ့အမျိုးသားလိင်္ဂါနှင့် အမျိုးသမီးလိင်္ဂါကို အထိပ်တွင်အနည်းငယ်ပွတ်တပ်မှုရှိပါသည်, ထိုပွတ်တပ်မှုသည် စက္ကန့်ပိုင်းမျှသာဖြစ်ပါသည်။ သို့ဖြစ်ပြီး အမျိုးသမီးကောင်မလေးသည် ၁၃ ရက်နေ့တွင် ရာသီလာပါသည်။ ရာသီလာသည့်ေသည့်သွေးများသည်လည်း ယခင်က ရာသီလာခဲ့သည့်အချိန်တုန်းကအတိုင်းအကုန်လုံးတူညီပါသည်, ရာသီစက်ဝန်း ၅ရက်ကြာပါသည် ။ ပုံမှန်ကျွန်ုပ်၏ ကောင်မလေးသည် ၂၈ရက်နှင့် ၂၅ရက်နေ့လောက်တွင်ရာသီလာပါသည်, သို့ပေမဲ့ ဒီတစ်ခေါက်ကအလွန်စောပါသည်။ ယခင်က ၁၃ရက်နေ့က ရာသီလာပေမဲ့ ဒီလ ဒီကနေ့ ၁၁ရက်နေ့ထိ ရာသီလာချင်းမရှိသေးပါဘူး။ နှစ်ဦးလုံးသည်အလွန်စိုးရိမ်နေပါသည်။

ကောင်မလေးက ယခင်ရာသီလာသည့်ရက်တွင် ၁၃ရက်နေ့ရာသီလာပြီး ၁၅ရက်နေ့တွင်ရာသီမပြီးသေပေမဲ့ ခေါင်းလျှော်ခဲ့ပါသည် , ထိုရာသီလာသည့်ရက်တွင် ခေါင်းလျှော်သည့်အတွက်ထိုနေ့မှစကာ နေစဥ််နီးပါးအားအင်ကုန်ခမ်းပြီး နေမကောင်းဖြစ်ပါသည်။ ယနေ့ထိရာသီမလာသေးတာက စိုးရိမ်ရပါသလားဗျ နှစ်ဦးလုံးအရမ်းစိုးရိမ်နေပါသည်, အမျိုးသမီးက စိတ်ဖိစီးနေပါသည်, ထိုစိတ်ဖိစီးမှုကြောင့်ရာသီမလာတာ ရာသီနောက်ကျတာဖြစ်နိုင်ပါသလား? ဖြေကြားပေးပါ ဆရာများ။ ကျေးဇူးတင်ပါတယ်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်