နှလုံးသွေးကြောကျဉ်းရင် နို့မှုန့်နှင့်အိုဗာတင်းသောက်လို့ရပါသလား
ညီမအမေ ရင်ဘတ်တုန်လာလို့ ဆေးခန်းသွားပြတာ စစ်ဆေးကြည့်တော့ နှလုံးသွေးကြောကျဉ်းစပြုလာတယ်လို့အဖြေထွက်လာပါတယ် အမေကဒူးနာတော့ ဟိုတစ်လောက အရိုးအကြောဆေးခန်းတစ်ခုမှာ သွားပြတော့ ဒိတ်လွန်နေပြီဖြစ်တဲ့ဆေးကို ၂ပတ်စာပေးလိုက်ပါတယ် အမေကမသိပဲ ငါးရက်စာ ဆယ်လုံးသောက်လိုက်မိတာပါ ဒါနဲ့ဆိုင်လားတော့မသိပေမဲ့ အဲ့ဆေးတွေသောက်ပြီးမှ အမေရင်တုန်လာတာပါ အခု ညီမသိချင်တာက မောင်လေးကအမေ့ဖို့ အဟာရနို့မှုန့်၀ယ်ပေးလိုက်ပါတယ် အဲ့တာကို နှလုံးဆေးခန်းသွားပြတော့ ဆရာ၀န်ကတော့ သောက်လို့ရတယ်လို့ပြောလိုက်တယ်တဲ့ ညီမလက်လှမ်းမှီသလောက် ရှာဖတ်ကြည့်တာတော့ နို့ထွက်ပစ္စည်းရှောင်ရမယ်တွေ့လို့ပါ အဲ့ဒါလေးရှင်းရှင်းလင်းလင်းသိချင်လို့ပါ
ဒိတ်လွန်နေတဲ့ဆေးက အာနိသင်မပြတာမျိုးပဲ ရှိတာပါ။
နို့နဲ့နို့ထွက်ပစ္စည်းက အဆီလျှော့ထားတာ သောက်လို့ရပါတယ်။