ကိုယ်ဝန်ရနိုင်ပါသလားဆရာ
ကောင်မလေးနဲ့ 1-6-2025မှာ တူတူနေမိပါတယ် အထဲထဲမထည့်မိပါဘူး အတွင်းခံလဲမချွတ်ပဲ ပွတ်မိပါတယ်။အဲ့ရက်ပြီး နှစ်ရက်ကြာတော့ ကောင်မလေးကဖျားပါတယ် ဖျားပြီးရာသီက 10-6-2025မှာရာသီသွေးမြင်ပြီးပျောက်သွားတယ်ပြောပါတယ်။ပြီးတော့ 12နာရီအကြာ11-6-2025မှာလာတယ်ပြောပါတယ်ဆရာ။ပုံမှန်က 3ရက်လာပါတယ်။ အဲ့လမှာ 1ရက်ကျော်ပဲလာပြီး ပြီးခါနီးမှာ အညိုရောင်ဆင်းတယ်ပြောပါတယ်။ခုရက်ပိုင်းထိ ညနေဘက်ထမင်းမစားချင်တာ၊ အဖြူလဲဆင်းတယ်၊ ဝက်ခြံတွေလဲထွက်ပါတယ်၊ ပင်ပန်းသလိုရှိပါတယ်၊တစ်ခါတစ်ခါခေါင်းမူးပါတယ်၊ ထမင်းဟင်းအနံ့လဲသိပ်ခံလို့မရဘူးပြောပါတယ်။ရာသီမလာခင်တော့ အိပ်မပျော်တာ၊ အလုပ်ပင်ပန်းတာမျိူးတော့ရှိပါတယ်ဆရာ။ ဘာလို့ပါလဲဆရာ၊ အကြံဉာဏ်ပေးပါဦးဆရာ