ရာသီမလာတာကြာ ကိုယ်ဝန်လား

Feb 12 တုန်းက သူ့ရဲ့အရည်ကြည်ထိထားတဲ့လက်နဲ့ မိန်းမကိုယ်ကိုကိုင်မိတာကြောင့် စိုးရိမ်ပြီးတားဆေးသောက်ခဲ့ပါတယ်။ အဲ့နောက်ရာသီကတော့ပုံမှန်လာပါတယ်။ ဒါပေမဲ့ရက်တစ်ဖြေးဖြေးနောက်ကျလာပါတယ်။ Feb 18 ရက်နေ့ရာသီလာပါတယ်။ အဲ့တာက 29 ရက်ကြာပါတယ်။ နောက်တစ်ခါကျ 30 ရက်ကြာမှ လာပါတယ်။ နောက်ထပ်တစ်ခါကျ 35 ရက်ကြာမှလာပါတယ်။ အခု ရက် 40 ကျော်ပြီး မလာသေးပါဘူး။ ဒါပေမဲ့ မနေ့က Jun 3 ရက်နေ့တုန်းကအတူနေမိပါတယ်။ အကာအကွယ်သုံးပါတယ်။ စိုးရိမ်လို့ တားဆေးပါထပ်သောက်လိုက်ပါသေးတယ်။ ရာသီမလာတာကအရှေ့ကတစ်ခါက ကိုယ်ဝန်ရှိနေတာကြောင့်ဖြစ်နိုင်လားဆရာ။ ပြီးတော့ အရင်ကတည်းကရာသီကပုံမှန်လာတတ်တဲ့သူလည်းမဟုတ်ပါဘူး။ တစ်လနှစ်ခါလာလို့ အဲ့တုန်းက ဆေးခန်းပြဆေးသောက်ပြီး 3ခါလောက်ရက်ပုံမှန်လာပါတယ်။ အဲ့နောက်ပိုင်းအခုလိုဖြစ်လာတာပါပဲ။ ကိုယ်ဝန်လက္ခဏာတွေလည်းမဖြစ်ပါဘူး။ ကိုယ်ဝန်ဖြစ်နိုင်လား။ စိုးရိမ်ရလားဆရာ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1

မှတ်ချက် 1ခု

အတူနေပြီးနောက်ပိုင်း ရာသီလာရင် ကိုယ်ဝန်မရှိပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်