Hello ဆရာဝန်
ဆရာ တစ်ခုလောက်မေးချင်လို့ပါ ။ကျနော်ကောင်မလေးနဲ့ အတူနေပီး အရေးပေါ်တားဆေး တိုက်လိုက်ပါတယ်။ ဆေးကြောင့်လားမသိပါဘူး တစ်လထဲ ရာသီ၂ခါ ထက်ပိုဆင်းနေပါတယ်။ ရာသီသွေးက အတုံးအခဲတွေပဲ ဆင်းနေလို့ စိတ်ပူလို့ပါ ဆရာ ကိုယ်ဝန်ရနိုင်ပါသလား။ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာ ဖြေပေးပါဦး ဆရာ။
အရေးပေါ်တားဆေးက ရာသီမမှန်တာဖြစ်တတ်ပါတယ်။ တားဆေးကို မှန်မှန်ကန်ကန် တိုက်လိုက်တယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းနည်းပါတယ်။ စိတ်ထဲရှင်းချင်ရင်တော့ အတူနေတာကနေ ၂ပတ်၊ ၃ပတ်ကြာတဲ့အခါ ဆီးစစ်ကြည့်လိုက်ပါ။