အရေးပေါ်တားဆေး
အရေးပေါ်တားဆေးတွေက နာရီပိုင်းအတွင်းသောက်ရင် ဘယ်လောက်ထိကာကွယ်ပေးနိုင်လဲဗျ ပြီးတော့ သူ့ကြောင့်သွေးဆင်းတာတွေဘာတွေရှိရင် ကိုယ်ဝန်ကိုအပြည့်အဝတားလိုက်ပြီလို့ မှတ်ယူလို့ရလား ဒေါက်တာ ကောင်မလေးက ရာသီပြီးခါနီးအချိန်လောက်မှာသောက်လိုက်ပြီး 6 ရက်ကြာတော့ ရာသီလာသလို သွေးနှစ်ရက်ဆင်းပြီး သုံးရက်မြောက်နေ့နည်းနည်းဆင်းပြီး ရပ်သွားလို့ပါ
ကိုယ်ဝန်ရနိုင်ပါသလား
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။