ကိုယ်ဝန်ရမရ

၃ လပိုင်းနဲ့ လေးလပိုင်းလောက်မှာ ၃ ခါလောက်ကောင်မလေးနဲ့ အတူနေတာမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် လက်နဲ့ အာသာဖြေပေးမိပါတယ် ဆရာ လက်နဲ့အာသာဖြေတဲ့အချိန် အရည်ကြည်ထွက်ပါတယ်။ ပထမဆုံး တစ်ခေါက်မှာတော့ ကောင်မလေးက ကျွန်တော့ အရည်ကြည်ကို သုတ်ထားတဲ့ တစ်ရှူးနဲ့မှားပြီး သူ့မိန်းမကိုယ်ကို သုတ်မိတယ်ပြောပါတယ်။ နောက်တစ်ခါက ထိပ်ပိုင်းလေးပဲ ထိပြီးကစားမိပေမယ့် သေချာအရည်ကြည်မထိအောင် သေချာသုတ်ပီး အထဲထိမထည့်ပဲ စမ်းမိပါတယ်။ နောက်ပီး ၃ လပိုင်းမှာ ပုံမှန်ဆို လကုန်ရက် နားမှာ ရာသီလာနေကြလို့ပြောပြီး သူလည်းအလုပ်ရှုပ်နေတာနဲ့ အဲ့ရက်မှာရာသီလာမလာကို ကောင်မလေးက သတိမရပဲ လာသွားလားမလာသွားလား မသိလိုက်ပါဘူး။ ကောင်မလေးပြောတာတော့ ၃၅ ရက်တစ်ခါ ရာသီ cycle ရှိတယ်လို့ပြောပါတယ်။ ခု ၅ လပိုင်း လအစလောက်မှာ ရာသီလာရမှာကို မလာသေးဘူးလို့ပြောပြီး လွန်ခဲ့တဲ့ ၂ ရက်ကအဖြူတွေဆင်းနေတယ်လို့ ခံစားရတယ်လည်းပြောပါတယ်။ အဖြူဆင်းတယ်ထင်တာက ပစ်ချွဲချွဲမဟုတ်ပဲ တစ်ရက်ကျော်လောက် အရည်ကြည်လိုအဖြူတောက်လျောက်ဆင်းသလိုမျိုးလို့ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကောင်မလေးက စိတ်ပူပြီး ဆီးစစ်ကြည့်တော့ ၁ ကြောင်းပဲပေါတယ်ပြောပါတယ်။ အဲ့တာ ကိုယ်ဝန်ရှိလာမလား အဲ့တာ ဆီးထပ်စစ်ကြည့်ဖို့ လိုသေးလားခင်ဗျာစိတ်ပူလို့ပါ ဆရာ ဖြေပေးပါဦးခင်ဗျာကောင်မလေးကလည်း ၂ လနီးပါး ရာသီမလာတော့ အရမ်းစိတ်ပူနေလို့ပါ ဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
118
1
7

မှတ်ချက် 7ခု

ရာသီကမေလက၁ရက်နေ့ကလာပြီး၅ရက်နေ့ကျပြီးသွားပညတယ်ကောင်လေးနဲ့၁၃ရက်နေ့မှာsexဖြစ်ခဲ့ပါတယ်မေလ၂၆ရက်နေ့မှာသွေးဆင်းပါတယ်နည်းနည်းကိုယ်ဝန်လဏွဏာလားသိချင်လို့ပါ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီစက်ဝန်းရှည်တဲ့အတွက် တချို့လတွှေမှာ မလာတာမျိုး ဖြစ်တတ်ပါတယ်

စိတ်ဖိစီးရင်လည်း မလာတတ်ပါ

၃လဆက်တိုက်မလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win

၁၅ ရက်ရာနေ့လောက်က ရာသီ ပြန်လာပေမယ့် ဘောင်းဘီမှာ စိုရုံလောက်ပဲ တစ်ရက်ပဲလာတယ်ပြောပါတယ်ဆရာ အမဲတွေလာတယ်ပြောပါတယ်။ ဆရာဝန်ကတော့ လည်ပင်းအကြိတ်ရှိလားမေးပြီး ကောင်မလေးက နိုင်ငံခြားမလာခင် ကာကွယ်ဆေးထိုးလို့ လည်ပင်းမှာ အကျိတ်ထွက်လာလို့ရှိတယ်ပြောတော့

ရာသီမှန်တာအောင် တားဆေးပေးတော့ တားဆေးဆက်သောက်ရမလား ဆရာ။ မသောက်ပဲထားထားရမလားဗျာ့ ကောင်မလေးကစာတွေလျောက်ဖတ်ပြီး ကိုယ်ဝန်ရှိလာရင်လည်း ရှေ့ပြေးအနေနဲ့ တစ်ရက်လောက်လေး လာတတ်တယ်ဆိုပြီးလဲ စိတ်ပူနေလို့ပါဆရာ။ နိုင်ငံခြားမှာဆိုတော့ အဲ့ကဆရာဝန်ကို ပြပေမယ့်စကားမပေါက်နားတော့ သိပ်နားမလည်ပဲ မှားမှာလဲ သူစိုးရိမ်နေတာဆရာ ဘာဆက်လုပ်ရမလဲ အကြံလေးပေါဦးဆရာ ဆေးပဲစသောက်ရမလား မသောက်ပဲ နေရမလားဗျာ့

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မဖြစ်မနေလာအောင် လုပ်စရာမလိုပါ

လာစရာမရှိလို့ မလာတာပါ

ရာသီသွေးတွေက သွေးပုပ်တွေမဟုတ်ပါ

အပေါ်မှာ ပြောထားသလိုသာဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီပြန်လာအောင် ဘာအားဆေးတွေ သောက်ဖို့လိုအပ်လည်းဆရာခင်ဗျာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ကျေးဇူးပါခင်ဗျာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်