trampolineရဲ့ကောင်းခြင်းဆိုးခြင်းများကိုသိချင်လို့ပါရှင့်
ဆရာရှင့် ကျွန်မရဲ့သားလေးက၂နှစ်၃လ ရှိပါပီရှင် ကလေးကအရမ်းထွားပါတယ်ရှင်ပေါင်ချိန်၃၃ပေါင်အရပ်က၃ပေ၅လက်မ သူများ၄နှစ်ကလေးထက်ကိုထွားပါတယ်ရှင် သူကtrampolineနဲ့ခုန်တဲ့အခါတခါခုန်၁နာရီလောက်ကြာပါတယ်ရှင် တစ်လမှာ ၃ခါလောက်ခုန်ပါတယ်ရှင် တခါတလေတော့ ၅မိနစ်လောက်ပဲခုန်ပါတယ်ရှင့် ကျွန်မသိချင်တာကတော့ အဲ့လိုခုန်ရင် ဘေးထွက်ဆိုးကျိုးနဲ့ကောင်းကျိုးကိုသိချင်ပါတယ်ရှင် အူကျနိုင်သလားရှင့်ကျေးဇူးပြု၍ဖြေပေးပါရှင့
ပုံမှန်အတိုင်း ခုန်ပေါက်ကစားတာကတော့ အူမကျပါဘူး။ အူကျတာက ဝမ်းဗိုက်က ကြွက်သားတွေ အားပျော့မှ ဖြစ်တာပါ။ နဂိုတည်းက အားပျော့နေရင်တော့ ခုန်ပေါက်တာက အူကျတာကို ဖြစ်နိုင်ခြေများစေမှာပါ။ တိုက်ရိုက်ဖြစ်စေတာမျိုးတော့ မဟုတ်ပါဘူး။
ဒီအရွယ်လေး ဆော့ကစားတာကတော့ အားပေးပါတယ်။ ဒါမှလည်း ကောင်းကောင်းကြီးထွားလာမှာပါ။ မေမေက ခုန်တာကို စိုးရမ်တယ်ဆိုရင် ဒါကို လျှော့ပြီး တခြားကစားနည်းတွေကိုပါ ကစားဖို့ အားပေးသင့်ပါတယ်။