ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ ချဥ်ချင်းတက်ခြင်းများ
ယခုလက်ရှိ သားသားကိုယ်ဝန်လွယ်ထားရပါတယ် ညီမကိုယ်တိုင်လဲ အသားငါးစားတဲ့သူမဟုတ်တော့ အခုကလေးကိုယ်ဝန်လည်း အသားငါးမစားဖစ်ဘူးပေါ့နော် ညီမက လမ်းဘေးစာတွေ ငါးပိတွေ အစပ်စားတာလုံးဝရှောင်ပါတယ် ငယ်ငယ်ထဲက စားရတာ သဘောမကျဘူးပေါ့နော် သားလေးလည်း ကိုယ်ဝန်စရရော လမ်းဘေးက ဘာမှအော်မရောင်းနဲ့ စားချင်တာမှအကုန် ငါးပိနဲ့သုပ်တဲ့ အသုပ်တွေ အထောင်းတွေ အကုန်စား ပီးရင် မူကထ မစားရလို့ငိုရတဲ့နေ့ရှိသေး အရမ်းထူးခြားတာက လိမ္မော်သီးအချို ကြက်မောက်သီး အရမ်းချဥ်ချင်းတက်ပါတယ်
ပြီးတော့ နာနတ်သီး လုံးဝထူးခြားတာက ရေခဲ.ရေခဲမုန့် လုံးဝချဥ်ချင်းတက်တာ ရေခဲတွေဆို တနေ့ကိုရေဘူး ၁ လီတာ ဘူး ၅ဘူးလောက်ကိုစားတယ်
ဆီးလည်းလုံးဝမကျင်ဘူးရှင့် စားတာ
ရေခဲကိုပန်းကန်ထဲထည့်ပြီး ဒီတိုင်းကိုထိုင်စားတာ ရေခဲမုန့်ဆိုလည်း ၅ခုလောက်တစ်ထိုင်တဲစားလည်း မဝဘူး
အခုထိပေါ့နော် ၁၁ လပိုင်း ၄ရက်နေ့ ခွဲမွေးရမှာပါ ဒီပေ့ချ်လေးကနေ ဆုရခဲ့ရင်လည်း သားသားအတွက်အမှတ်တရဖစ်နေမှာပါ ညီမချဥ်ချင်းတက်တာကတော့ ဒါလေးပါပဲရှင့် မေမေတွေ အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းလျက်🙏
"#Story Competition 2022 Oct"
https://hellosayarwon.com/community/pregnancy/pregnancy-23475
Hello ဆရာဝန် Facebook Page Messenger မှာ လာရောက် ဆက်သွယ်ပေးပါနော်....
hellosayarwon.com
Ma Poe Phyu Lay ရဲ့ စာမူလေးက Hello ဆရာဝန်ရဲ့ စာမူပြိုင်ပွဲမှာ အယ်ဒီတာရွေးချယ်တဲ့စာမူနှစ်ခုထဲက တစ်ခုအနေနဲ့ ပါဝင်သွားပါတယ်။ ဆုငွေထုတ်ယူဖို့အတွက် Hello ဆရာဝန် ရဲ့ Facebook Page မှာ နာမည် ဖုန်းနံပါတ်လေးကို ပေးပို့ပေးထားပါနော်။ သာယာသောနေ့လေးဖြစ်ပါစေ။
ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဆုရရှိဖို့ Community ထဲမှာလည်း likeများများ ရပါစေနော်