ကိုယ်၀န်ရှိနိုင်လား
March 3ရက်နေ့မှာရာသီလာပါတယ် 7ရက်နေ့ကြတော့အမျိုးသားနဲ့အတူနေဖြစ်ပါတယ်အဲ့ရက်ကရာသီလာနေတုန်းပါ ပြီးတော့ 28လုံးတားသောက်ပါတယ် 13ရက်လောက်တော့သောက်လိုက်ပေမယ့် အဲ့ဆေးနဲ့အဆင်မပြေလို့ဆက်မသောက်ဖြစ်တော့ပါဘူး အဲ့တာပြီးတော့ March 21ကနေပြီး 24ထိရာသီပြန်လာပါတယ် ဘာဆေးမှတော့ဆက်မသောက်ဖြစ်ပါဘူးရှင့် April 3လောက်ကျတော့တခါထပ်နေဖြစ်ပါတယ် ပြီးတော့ 28လုံးတားဆေးကို အဲ့နေပြီးတဲ့နေ့ April 3ကနေစပြီးသောက်လိုက်ပါတယ် 21ရက် သောက်တာပါ ရက်လဲမကျော်ပါဘူး ပုံမှန်ဆို 21ရက်ပြီး နောက်နှစ်ရက်လောက်ဆိုရာသီလာပါပြီ အခုကရာသီမလာသေးလို့ပါ အန်ချင်သလို ပျို့နေလို့ပါရှင့် အန်လဲမအန်ပါဘူးရှင် ရင်သားလဲတချက်”နာနေတာရှိတယ်ရှင့် အန်ချင်တာကအချိန်တိုင်းမဟုတ်ပေမယ့်တချက်”ဖြစ်တာပါရှင့် ဗိုက်လဲမအောင့်တော့အစာအိမ်မဟုတ်ဘူးထင်လို့ပါရှင့် အစာအိမ်ကဖြစ်ဖူးတော့အခုကမတူလို့ ပါရှင့်ကိုယ်ဝန်ရနိုင်လားသိချင်လို့ပါ Websiteမှာစစ်ကြည့်မိတာလဲ ကိုယ်ဝန်ရနိုင်ချေရှိတယ်ဆိုလို့ပါ ပြီးတော့ အရေးပေါ်တားဆေးမဟုတ်တဲ့ 28လုံးတားဆေးက 7ရက်သောက်ပြီးမှအတူနေရတယ်လဲကြားဖူးလို့ရှင့် တကယ်လို့ကိုယ်ဝန်ရှိနေခဲ့ရင် ကြားထဲမသိပဲအဲ့ဆေးသောက်မိတာကလေးကိုထိခိုက်နိုင်လားရှင့် ကလေးတခုခုဖြစ်နိုင်လားရှင့် မနက်ဖြန်တော့ဆီးစစ်ကြည့်ဖို့လုပ်မလို့ပါရှင့် အဖြူဆင်းတာလဲရှိပါတယ်ရှင့်အဲ့ဆေးဆက်တိုက်သောက်မိတာကလေးအတွက် effectဖြစ်နေမှာဆိုးလို့ပါရှင်
ဆေးက ကလေးကို မထိခိုက်ပါ
ဆီးစစ်ကြည့်လိုက်ပါ