ရာသီမလာခြင်း
ညီမက အရငိလ ဖေဖော်ဝါရီ ၁၅ မှာ ရာသီလာပါတယ်။ ၁၉ ရက် မှာ ပြီးပါတယ်။ ရာသီလာပြီး ၂ ရက်အကြာမှာ ရက်ရှောင်နည်းနဲ့ အပြင်ထုတ်နည်းနဲ့ အတူနေခဲ့ပါတယ်။ ကိုယ်ဝန်ကို pre cum က ရမှာစိုးလို့ အရမ်းစိတ်ဖိစီးနေခဲ့ပါတယ်။ ရာသီ ၃၁ ရက် circle မှန်တဲ့သူပါ။
အတူနေပြီး ၁၇ ရက်မြောက် (မတ် ၁၀) မှာ test စစ်တာ negative ရပါတယ်။
အခု မတ် ၁၈ မှာ ရာသီစလာရမှာကို မလာပဲ မတ် ၁၇ ရက်နေ့ထဲက ခေါင်းကိုက် ရင်ဘတ်နာတာတွေဖြစ်နေလို့ပါ
Test kit ထပ်စစ်ကြည့်ရမလားရှင့် သားဥကြွေရက်ကတော့ မတ် ၄ လို့ calendar ကပြပေမဲ့ မတ် ၉ ရက်နေ့မှ ကိုယ်အပူချိန်ထိုးတက်ပြီး ဗိုက်အောင့်တာဖြစ်တာ သတိထားမိပါတယ်။ သားဥကြွေတာ နောက်ကျတာလားပေါ့နော်
အခုတော့ ခေါင်းကိုက်တာ မရှိပဲ ရင်သားတင်းပြီးနာတာပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်လက္ခဏာတခုမှတော့ ထပ်စစ်ကြည့်သင့်သလားပေါ့နော်
အရိုးအဆစ်တွေနာတာလဲဖြစ်ပါတယ် ကြွက်သားနာတာမျိုးပါ

















ရင်သားတင်းနေတာက ရာသီလာချင်လို့လည်း ဖြစ်နိုင်ပါတယ်။