ကိုယ်ဝန်ရနိုင်ချေ ရှိမရှိ
ဆရာရှင့်
လတစ်လရဲ့ ၅ရက် ၆ ရက် ၇ ရက် ၈ရက် အဲ့ ဝန်းကျင်လောက် ဆို ပံုမှန် ရာသီလာတတ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လနဲ့ ဖေဖော်ဝါရီလက တူညီတဲ့ ၅ ရက်နေ့မှာ ရာသီ လာခဲ့ပါတယ်.. အခု မတ်လ မှာ ဒီနေ့ ဆို၁၂ ရက်ရှိပြီ ရာသီမလာသေးပါဘူး .. မတ်လ ၆ရက်နေ့မှာ နောက်နေဆံုး အတူနေထားတာ ရှိပါတယ်…အပြင်မှာထုတ်ပြီးတာပါ.. emergency pill သောက်ထားတာမရှိပါဘူးဆရာ..
၁၁ ရက်နေ့ မနက်၃နာရီက တခါ
၁၂ရက်နေ့ နေ့လည် ၂နာရီက တခါ ဆီးစစ်ပါတယ် Negative ပဲပြပါတယ် ပံုမှန် ရာသီစက်ဝန်း ၃၁ရက်နဲ့ တွက်မယ် ဆိုရင် တောင် ၄ရက်နောက်ကျနေပါပြီ
ဘယ်နှစ်ရက်လောက်ထိ စောင့်ကြည့်ပြီး တစ်ခါထပ်စစ်ကြည့်ရမလဲ ဆရာရှင့်
ရာသီက ဘာလို့နောက်ကျနေတာလဲဆရာရှင့် ကိုယ်ဝန်ရနိုင်ခြေ ရော ရှိန်ိုင်လားဆရာရှင့်
ကျေးဇူးတင်ပါတယ်ရှင့်
ညီမလဲပုံမှန်ဆို ၆ရက်နေ့လာပါတယ်ဒီလမှာမလာသေးလို့စိတ်ပူနေတာပါဆရာဘာတွေလုပ်သင့်လဲဆရာခါးတွေလဲနာပြီးနားထဲလဲလေတွေထွက်နေလို့ပါဆရာ
ရာသီရက်တွေက နဂိုတည်းက စောတာ နောက်ကျတာ ရှိတတ်ပါတယ်
ခုလို စိတ်ဖိစီးမှုများနေရင် ပိုတောင် နောက်ကျတတ်ပါတယ်
အတူနေတာ ၃ပတ်ပြည့်တဲ့အထိ ရာသီမလာသေးရင် ဆီးစစ်ကြည့်ပါ