ကိုယ်ဝန်ရနိုင်လား
ကျနော်နဲ့ကျနော်အမျိုးသမီးဆယ်လပိုင်း 15ရက်နဲ့16ရက်မှာအတူနှစ်ခါနေမိလို့ ကွန်ဒုံးလဲသုံးပါတယ်ဗျ အရေးပေါ်တားဆေးနှစ်ကြိမ်သောက်ထားပါတယ်ဗျ 11လပိုင်း11ရက်နေ့လောက် သွေးဆင်းပါတယ် သုံးလေးရက်ပဲလာပါတယ် 12လပိုင်း8ရက်နေ့မှာလဲလာပါတယ် သုံးလေးရက်လောက်ပဲဗျ ဒီလ jan 4ရက်နေ့မှာလဲ သုံးလေးရက်လောက်သွေးဆင်းပါတယ်ဗျ သွေးဆင်းတော့လဲ သွေးခဲတွေပါပါတယ်ဗျ အဲ့တာ ရာသီလာတာလားဗျ ကိုယ်ဝန်ရောရှိနိုင်လားဗျ ကိုယ်ဝန်ရှိရင်လဲ ရာသီလာနိုင်တယ်လို့ဖတ်မိထားလို့ပါဗျ အမျိုးသမီးကလွန်ခဲ့တဲ့တရက်စဖျားပြီးဘာမှမစားချင်စိတ်မရှိပဲ ဘာစားစားအန်နေလို့ဗျ သူကိုယ်သူလဲ ဗိုက်ပူလာတယ်လို့ထင်နေလို့ပါ ဆရာရေတချက်လောက်ဖြေပေးပါအုန်းနော်
လတိုင်း ရာသီလာနေရင် ကိုယ်ဝန်မရှိဖို့ များပါတယ်