ဆရာရှင့် ကျမ ကိုယ်ဝန်ဆောင်မိခင်တယောက်ပါ
ဆရာရှင့် ကျမ ကိုယ်ဝန်ဆောင်မိခင်တယောက်ပါ သားဦးပါ ခု မှ နှစ်ပတ်သုံးပတ်ထဲမာပါအဲဒါ နေတာကတော့ ပြည်ပ မာပါ တအိမ်လုံးမာ ကျမ နဲ့ကျအမျိုးသားနှယောက်ထဲနေပါတယ် ကျန်တဲ့သူတွေ သူ့ညီနဲ့တူကတော့ ဒီဇင်ဘာလ ကတည်းက သူတို့နေရပ်ကိုပြန်သွားပါပြီ ကျမ ပြောချင်တာက ကိုယ်ဝန်ဆောင်မိခင်တယောက်ကို တယောက်ထဲ ထားသင့်ပါသလားရှင့်တယောက်ထဲနေခိုင်းသင့်လားရှင့်ခုဆိုကျမ ဘာအနံ့မှခံမရ အန်တယ် ထမင်းမစားဘာမှစားမရပါဘူး အဲဒါအမျိုးသားက မနက်ဆိုတာနဲ့သူ့အလုပ်သူသွားပါတယ် ပုံမှန်ဆို ည7:00/8:00လောက်မှရောက်ပါတယ်အိမ်ကို အလုပ်ပါးရင်တော့5:00/6:00ပေါ့ ကျမ ဒီရောက်ကတည်းက မပျော်ပါဘုး ကလေးရတော့လဲ သူ့မှာဘာဗဟုတုတမှမရှိဘူး ကျမ လဲ ဘာမှမလူပ်တတ်မကိုင်တတ်နဲ့ တနေ့လုံး အိမ်မာပဲ နေရတယ် ကျမ အသိ မိတ်ဆွေ တယောက်မှမရှိပါဘူး မကြာခန ပြန်ချင်လို့ စကားများရတယ် ကျမ ခနခနစိတ်ထိခိုက်ရတယ်ရှင့် တခါတလေ Suicideလုပ်ဖို့ထိတောင်စဥ်းစားမိပါတယ် ဘယ်လိုဖြေရှင်းရမလဲရှင့်တကယ်လို့သူ့ညီတွေရောက်လာရင်တောင်ယောကျာ်းသားတွေကြားထဲ ကျမကိုယ်ဝန်ဆောင်သည်တယောက် ဘယ်လို ဖစ်နိုင်မလဲ ရှင့် ဖြစ်နိုင်ရင် ကျမ မိသားစု ဆီ ပြန်ချင်မိပါတယ် ကျမည တိုင်းလိုလို ငိုမိနေပါတယ် ကလေးတွက်မကောင်းမှန်းလဲသိပေမဲ့ အရမ်း အထီးကျန်ပြီး စိတ်ဖိစီးရပါတယ် သူ့ကိုပြောပြရင်လဲ ရန်ပဲဖစ်ကြပါတယ် သူကျမကို ဂရုမစိုက်တတ်ပါဘူးရှင့် ကျမ အချဥ်တွေစားချင်တယ် စားချင်တာရှိတယ် ဒီမာက ကျမစားချင်တာရှာမရ ကျမ စားချင်တာစားလိုက်ရရင် အနဲငယ်တော့စိတ်သက်သာပါတယ် ခုတော့ကိုယ်ဝန်ဆောင် တယောက်ဖစ်ရက်နဲ့ စားချင်တာတောင် မစားရဖစ်တော့ ပြန်ချင်စိတ်ရယ် နဲ့ စိတ် အရမ်းထိခိုက်ရပါတယ်
ကျမ ပြောပြရမဲ့သူရင်ဖွင့်ရမဲ့သူလဲမရှိလို့စာရှည်သွားရင် နားလည်ပေးပါရှင့်
အဲ့တာကတော့ ကိုယ့်အမျိုးသားနဲ့ကိုယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာက ပိုကောင်းပါတယ်။ တစ်ယောက်တည်းနေလို့ရလားဆိုတော့ ကျန်းမာနေတဲ့ ကိုယ်ဝန်ဆောင်တွေလည်း တချို့တွေ ကိုယ့်ဟာကိုယ် နေကြပါတယ်။ ကိုယ့်အခြေအနေပေါ်ပဲ မူတည်ပါတယ်။