ကိုယ်ဝန်ရနိုင် မရနိုင်လေးသိချင်လို့ပါဗျာ တတ်သိနားလည်သူများဖြေပေးကြပါဦး
ဖြစ်စဉ်ကတော့ ၁လပိုင်း ၃ရက်နေ့မှာကောင်မလေးနဲ့ Staycation နေရင်းအကာအကွယ်မဲ့လိင်ဆက်ဆံမိသွားပါတယ် ဖြစ်ပြီးပြီးချင်းမှာပဲကောင်မလေးကစိတ်အရမ်းပူနေလို့ ၁၅မိနစ်အတွင်းမှာပဲ ပုံမှာပါတဲ့ဆေးကိုဝယ်တိုက်ခဲ့ပါတယ် လိင်ဆက်ဆံပြီး ၁၅ မိနစ်လောက်အတွင်းမှာဆေးကိုသောက်ခဲ့တာပါ အဲ့အချိန်မှာတော့ မူးတာ အန်တာမျိုးမရှိပါဘူး ယခု ၁လပိုင်း ၆ရက်နေ့မှာရင်ပြည့်ပြီး ၁ခါအန်ပါတယ် ယခု ၇ရက်နေ့မှာလည်း ရင်ပြည့်ပြီး အန်ချင်သလိုဖြစ်နေပါတယ် ကိုယ်ဝန်ရနိုင်ခြေများရှိနေမလားသိချင်လို့ပါခင်ဗျာ ဆီးကဘယ်အချိန်လောက်စစ်သင့်လဲဖြေကြားပေးကြပါဦးခင်ဗျာ
ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။
တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ဆင်းချင်သလိုဆင်းတာ၊ ခေါင်းမူးခေါင်းကိုက်၊ ပျို့အန်တာ၊ ရင်သားတင်းတာ၊ နုံးတာ၊ နေထိုင်မကောင်းဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။