မဂ်လာပါ ဆရာ။ညီမရာသီစက်ဝန်းက ပုံမှန် ၇/၈ရက်ပါ။ အရင်လ ၂၂ ရက်နေ့ကစပီး အမျိုးသားနဲ့ တူတူနေဖြစ်ပါတယ်။ ကလေးလိုချင်လို့
မဂ်လာပါ ဆရာ။
ညီမရာသီစက်ဝန်းက ပုံမှန် ၇/၈ရက်ပါ။ အရင်လ ၂၂ ရက်နေ့ကစပီး အမျိုးသားနဲ့ တူတူနေဖြစ်ပါတယ်။ ကလေးလိုချင်လို့ တာဆေးမသောက်ပါဘူး။ အဲဒါ့့ကို ၂၉ရက်နေ့မှာ ရာသီစလာပာတယ်။ ၃၁ ရက်မှာ ပိတ်သွားခဲ့ပီး ၃ရက်နေ့နဲ့ ၅ရက်နေ့မှာ နည်းနည်းပြန်လာပါတယ်။ အရင်ကထပ်အစားပိုစားချင်ပီး ခဏခဏပျို့ချင်ပါတယ်။ ချမ်းစိမ့်ချမ်းစိမ့်ခံစားရပီး ကိုယ်လက်တွေမသယ်ချင်ဖြစ်နေပါတယ်။ ကလေးရနိုင်လား ဆရာ?
တစ်လထက်တစ်လ ရာသီစောနေတာ ဘယ်လိုလုပ်သင့်လဲဆရာ။ အမြန်ဆုံး ကလေးရအောင် ဘာတွေလုပ်သင့်လဲဆရာ.?
လက်ရှိညီမက Phylode Tumour ဖြစ်နေလို့ ဆရာ၀န်က evening primrose နေတိုင်း ၁လုံးစီ သောက်ခိုင်းထားပါတယ်။
အချိန်ရရင် ပြန်ဖြေပေးထားပါအုံးဆရာ။
ကျေးဇူးပါ ဆရာ။
ကောင်းသောနေ့လေး ဖြစ်ပါစေ။
ကလေးယူနေတယ်ဆို ချို့ယွင်းချက် မပါအောင် ဖောလစ်အက်စစ်ကြိုသောက်ထားပါ။ ၂-၃ရက်ခြား တစ်ခါလောက် အတူနေပါ။ အမျိုးသားရော အမျိုးသမီးရော ဆေးလိပ်ဖြတ်ပါ။