HPV နဲ့ပတ်သက်ပြီး စိုးရိမ်မှု

ဦးခေါင်းအနောက်နားမှာ ဗောက်ကုတ်ရင်းကနေ ပိုးဝင်ပြီး ဖုသေးသေးလေးဖြစ်လို့ ကြွက်နို့ဆိုပြီး အာရှတော်ဝင်မှာ ရှေ့အပတ်ကပဲ ခွဲခန်းဝင်ပြီး ဖယ်လိုက်ပါတယ် ဆေးလည်းစစ်ခဲ့ပါတယ် ဘာပိုးမှတော့မတွေ့ပါဘူး ဆရာဝန်ကလည်း Lain ingar ကြွက်နိူ့မဟုတ်တော့ စိတ်ပူစရာတော့မရှိဘူးပြောပေမယ့်

အခု HPV - ကြွက်နို့နဲ့ပတ်သက်တာတွေရှာဖတ်ရင်းနဲ့ စိတ်ပူလာလို့

- ဆေးထပ်စစ်ဖို့လိုလား

- အိမ်ထောင်ပြုဖို့လည်းရှိတော့ အိမ်ထောင်ဖက်ကိုရော ဘာတွေစစ်ခိုင်းသင့်လဲ

- ကလေးယူလို့ရော ရပါ့မလား

- ထပ်မဖြစ်အောင် ဘယ်လိုနေသင့်လဲ

စိုးရိမ်စိတ် ငယ်ထိပ်တက်ဆောင့်နေလို့ ဖြေပေးပါဦး

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1

မှတ်ချက် 1ခု

လိင်အင်္ဂါမှာ ဖြစ်တဲ့ကြွက်နို့နဲ့ အရေပြားမှာဖြစ်တဲ့ကြွက်နို့နဲ့က အမျိုးအစားမတူပါ

လိင်ဆက်ဆံမှု မရှိထားရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် HPV vaccine ထိုးထားလို့ ရပါတယ်။

အသက် ၂၈ကျော်သူတွေကတော့ ပိုးရှိမရှိ စစ်ပြီးမှ ထိုးရင် ပိုကောင်းပါတယ်။

ကလေးယူလို့ ရပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်