ကိုယ်ဝန်ဆောင်ဆီးသွားပြီး နောက် သွေးဆင်းခြင်း
Doctor ရှင့်
ညီမ ခုချိန်ထိ စိတ်မအေးရသေးလို့ပါနော်
ယခု ကိုယ်ဝန် 5လနဲ့ 3ရက်ပါ
11လပိုင်း27ရက်က အိမ်သာဝင်ရင်း သွေးဆင်းလို့ ပြထားတာ Ultrasound အဖြေအကုန်ကောင်းပါတယ်။ အချင်းအနေအထားပုံမှန် ကလေးလည်း ပုံမှန်ပါပဲ။
မွေးလမ်းကြောင်းထဲရော Speculum ထည့်စစ်တာ ဘာမှမရှိပါဘူးတဲ့ ဖြူဖွေးနေတယ်ပြောပါတယ်။
ဖြစ်စဉ်က ဆီးဝမ်းသွားဖို့ဆောင့်ကြောင့်ထိုင်ရင် ဆီးသွားပြီးတာနဲ့ သွေးတစ်စက်စက်ကျတာပါ။ တစ်ခါကျရင် အစက် 20လောက်ရှိပါတယ် သွေးအကျိအခဲလေးတေပါတတ်ပါတယ်။ နာကျင်တာ အောင့်တာ မျိုး မရှိပါဘူးရှင်။
ကျောက်ကပ် နည်းနည်းယောင်နေလို့ဆေးစားဆေးသောက်တော့လုပ်ခိုင်းပါတယ်။ဆီးစစ်ခိုင်းတာ ဆီးနမူနာယူတာ့ သွေးကျတုန်းပေးမိတာမို့ ဆီးထဲ သွေးပါတယ်လို့ ကောက်ချက်ချတယ်ထင်ပါတယ်
OGကတော့ မွေးလမ်းရော Ultrasound အဖြေရော ကောင်းတာမို့ သွေးတိတ်ဆေးပဲပေးလိုက်ပါတယ်။
ဒီနေ့ထိ ဆီးသွားပြီးတိုင်း သွေးကျနေတုန်းမို့ စိုးရိမ်ရလားရှင့်။ ပုံမှန်ချိန် အိပ်စားသွားလာ နေရင် လုံးဝ မကျပါဘူးရှင့်။
OGနဲ့ပြထားတယ်ဆိုရင် သူနဲ့ပဲ ဆက်ဆွေးနွေးပါ
ဆေးတွေလည်း သောက်နေတယ်ဆိုတော့ စောင့်ကြည့်ပါဦး