အရေးကြီးလို့ပါရှင်
ကောင်လေးနဲ့ ပြီးခဲ့တဲ့တစ်ပတ်က အကာအကွယ်မပါအတူနေပြီး အရေးပေါ်ဆေး (တစ်လုံး) သောက်ပြီး နောက်တစ်ရက်မှာတစ်ခါထပ်သောက်မိပါတယ်
သောက်ပြီးနောက်ရက်မှာ ဗိုက်အောင့်ပါတယ် ဗိုက်လဲပူလာပါတယ်
Ovulation အပြီး ၃ ရက်မြောက် မနေ့က အကာအကွယ်မပါထပ်နေမိလို့ ဆေးသောက်ရင် ဘာဆိုးကျိုးတွေဖြစ်လာမလဲသိချင်ပါတယ်ရှင်သောက်သင့်ပါသလား ဘာဝေဒနာတွေတွေ ဖြစ်လာနိုင်ဦးမလဲရှင်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။ ကြီးကြီးမားမား အန္တရာယ်မရှိပါ။
Ovulationဖြစ်တာ သေချာတယ်ဆိုရင် မသောက်ဘဲ နေလို့ ရပါတယ်။ မသေချာရင်တော့ သောက်ရမှာပါ။