Pregnant
Doctor ရှင့်
ရာသီစလာတဲ့ရက်ကစ 7 ရက်တွင်းအကာအကွယ်မဲ့အတူနေရင် စိတ်ချရတယ်လို့သိထားပါတယ်
ဒါမဲ့အဲ့တာ ရာသီစက်ဝန်း 28ရက်အထက်လူတွေပဲ စိတ်ချရတယ်ဆိုလို့ပါ
ညီမက ရာသီစက်ဝန်း 24 ၊ 25 လောက်ပဲရှိတော့ အဲ့လို 7ရက်အတွင်းအကာအကွယ်မဲ့နေရင် pregnant အတွက်စိတ်ချရလားမချရလား သိချင်လို့ပါရှင့်
၂၄၊ ၂၅ စက်ဝန်းဆို မနေပါနဲ့
၂၄၊ ၂၅ စက်ဝန်းတွေမှာ သားဥကြွေရက်က ရာသီစလာတဲ့ရက်ကနေ ၁၀ရက်မြောက်နေ့ပါ
၇ရက်မှာ နေတယ်ဆိုပေမယ့် သုက်ကောင်က မိန်းမကိုယ်ထဲမှာ ၃-၅ရက်ထိ ရှင်နိုင်ပါတယ်။ သားဥကြွေလာရင် တန်းပြီး ရသွားပါလိမ့်မယ်။
နေမယ်ဆို အကာအကွယ်သုံးပါ။
၇ရက်ရဲ့ ရှေ့ပိုင်းဆိုရင်တော့ စိတ်ချရနိုင်ပေမယ့် ရာသီစက်ဝန်းက ဒီထက်ပိုတိုသွားမယ္ဆိုရင်လည်း ရသွားနိုင်ပါတယ်။ ဒီထက်ရှေ့တိုးရရင်လည်း ရာသီလာတဲ့ရက်မှာ နေဖို့ပဲ ရှိပါတော့တယ်။