ဆရာရှင့် ကိုယ်ဝန်မရှိခင်ထဲက အဖြူဆင်းတာပါ။ ဆေးခန်းတစ်ခါပြပြီး ဆေးစစ်ပြီးထပ်မသွားဖြစ်ခဲ့ပါဘူး။ အဲ့နောက်ပိုင်းကိုယ်ဝန်ရှိလာပြီး ကိုယ်ဝန်သည်ကဆေးတွေအရမ်းသောက်လို့မရတာကြောင့် အဖြူဆင်းတာအတွက်ဘာဆေးမှမသောက်ဘာမှဆက်မလုပ်ပဲရပ်ထားခဲ့ပါတယ်ရှင့်။ ဒိန်ချဉ်ဖက်လိုလို တွေဆင်းပြီးတစ်ခါတရံအကျိအချွဲပါတယ်ပါတယ်။
ဆရာရှင့် ကိုယ်ဝန်မရှိခင်ထဲက အဖြူဆင်းတာပါ။ ဆေးခန်းတစ်ခါပြပြီး ဆေးစစ်ပြီးထပ်မသွားဖြစ်ခဲ့ပါဘူး။ အဲ့နောက်ပိုင်းကိုယ်ဝန်ရှိလာပြီး ကိုယ်ဝန်သည်ကဆေးတွေအရမ်းသောက်လို့မရတာကြောင့် အဖြူဆင်းတာအတွက်ဘာဆေးမှမသောက်ဘာမှဆက်မလုပ်ပဲရပ်ထားခဲ့ပါတယ်ရှင့်။ ဒိန်ချဉ်ဖက်လိုလို တွေဆင်းပြီးတစ်ခါတရံအကျိအချွဲပါတယ်ပါတယ်။ တစ်ခါတရံယားပါတယ်။ အနံ့မရှိပါဘူး။ အဲ့လိုနဲ့နေလာခဲ့တာခု ကိုယ်ဝန် ၉ လထဲရောက် နေပါပြီဆရာ။ အဲ့ဒါကလေးအတွက်အန္တာရယ်ရှိနိုင်လားသိချင်လို့ပါ။ တချို့ပြောတာကိုယ်ဝန်ဆောင်ချိန်အဖြူဆင်းတတ်ပြီး မီးဖွားပြီးသွားရင်သူ့အလိုလိုပျောက်သွား ကောင်းသွားတယ် ပြောလို့ပါဆရာ။
အဖြူဆင်းတာက သာမန်ဆင်းတာလည်း ဖြစ်နိုင်သလို ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပိုးဝင်တာဆိုရင် ကုရမှာပါ။ ကိုယ်ဝန်ဆောင်မို့လို့ ဆေးတွေ လျှောက်သောက်လို့ မရဘူးဆိုရင် သင့်တော်တဲ့ဆေးကို ဆရာဝန်တွေက ပေးပါလိမ့်မယ်။ ပိုးဝင်လို့ ဆင်းတဲ့ အဖြူကတော့ မကုရင် မျိုးပွားအင်္ဂါတွေ ရောင်ရမ်းလာပါလိမ့်မယ်။ တစ်ခုခုသိချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အဖြူဆင်းတဲ့လူတိုင်းက အခြေအနေချင်း မတူတဲ့အတွက် သူများပြောတဲ့အတိုင်း လိုက်လုပ်ဖို့ မလိုပါဘူး။