Hello Doctor ရှင့်။ကျွန်မက ရာသီစလာတာက ကျွန်မ ၇တန်းနှစ်မှာ စလာပါတယ်ရှင့်။ အဲ့လာတဲ့တစ်ကြိမ်မှာ (၇)ရက်တိတိလာပါတယ်။ အဲ့တစ်ခါပဲလာပြီး
Hello Doctor ရှင့်။
ကျွန်မက ရာသီစလာတာက ကျွန်မ ၇တန်းနှစ်မှာ စလာပါတယ်ရှင့်။ အဲ့လာတဲ့တစ်ကြိမ်မှာ (၇)ရက်တိတိလာပါတယ်။ အဲ့တစ်ခါပဲလာပြီး နှစ်နဲ့ချီမလာပါ။ ၉တန်းကျောင်းတက်မှဒုတိယအကြိမ်ပြန်စလာပါတယ်ရှင့်။ ပုံမှန်ဆက်တိုက်လာပါတယ်ရှင့်။ ဒါပေမဲ့ အဲ့လိုလာနေရင်းကနေ (၁)လကြာမှတစ်ခါလာတယ်။ ၂လကြာမှ တစ်ခါလာတယ်။ အဲ့လိုဖြစ်နေတာပါရှင့်။ ကျွန်မ အခုမလာတာ ၃လဆက်တိုက်ဖြစ်နေလို့ပါရှင့်။ ရည်းစားလဲမရှိပါဘူး။ အတူလဲမနေဘူးပါဘူးရှင့်။ အဲ့တာဘာကြောင့်အဲ့လိုဖြစ်ရတာပါလဲရှင့်။ ရောဂါတစ်ခုခုဖြစ်တာလားရှင့်။ အသားအရည်မွဲခြောက်တာမျိုးလဲမရှိပါဘူးရှင့်။ ဝက်ခြံထွက်ပါတယ်ရှင့်။ အဲ့လိုဖြစ်နေတာ စိုးရိမ်ရလား ပြောပေးပါအုံးရှင့်။
အခုက အသက်ဘယ်လောက်ရှိပြီလဲ