hello sayar
menstruation လည်းဆင်းပါတယ်ဆရာ သွေးခဲတွေလည်းပါပါတယ် အရောင်လည်းရင့်ပါတယ် ဒါပေမယ့် ဆရာ ညဘက်မှာတစ်ခါပျို့ပြီးအန်တာ ၅ ခါလောက်အန်ပါတယ်ဆရာ အန်တယ့်ညက အစာမစားခင်မှာရှောက်သီးသုပ်စားပြီးမှ ထမင်းစားလိုက်တာပါဆရာ ပြီးတော့ ခြေထောက်တွေလည်းကိုက်တယ်ဆရာ ဗိုက်လည်းခဏ လေးအောင့်သလိုဖြစ်ပါတယ်ဆရာ ဒါပေမယ့် ပြန်သက်သာသွားပါတယ်ဆရာ အရင်ရက်တွေမှာအတူနေထားတော့ စိုးရိမ်လို့ပါဆရာ
ဆရာရှင့်ကောင်လေးနဲ့အတူနေပီး တားဆေးနှစ်လုံးသောက်မိပါတယ်ရှင့် ပထမလကတော့ ရာသီက 27ရက်နေ့ လာတယ် အခုလ နောက်ကျနေလို့စိတ်ပူရလားရှင့်
ရာသီပုံမှန်အတိုင်းလာနေရင်တော့ မရှိဖို့ များပါတယ်။ အန်တာတွေ၊ ကိုယ်လက်ကိုက်တာတွေက ရိုးရိုးနေထိုင်မကောင်းဖြစ်ရင်လည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ရှိမရှိကို လက္ခဏာနဲ့ ကြည့်ပြီးမဆုံးဖြတ်ရပါဘူး။ မှားတတ်လို့ပါ။