Pregnancy
2ရက်နေ့မှာရာသီစလာပြီး7ရက်နေ့မှာရာသီပြီးဆုံးပါတယ်21ရက်နေ့မှာhaving sexရှိခဲ့ပါတယ် ညတွင်းချင်း 28လုံးေဆးကိုစသာက်ပါတယ်စဖြစ်ပြီးချင်းယနေ့အထိ3ပတ်လုံးလုံးအတူလုံးဝမနေတော့ပါဘူး ခုဒီလ2ရက်နေ့မှာရာသီအနဲငယ်ဆင်းပြီးရပ်သွားပါတယ်4ရက်နေ့မှာသွေးစအညိုလေးတွေအနဲငယ်ဆင်းပါတယ်ပြန်ရပ်သွားပါတယ် ဆီးစစ်တံနဲ့စစ်ကြည့်တာတာ့ ကိုယ်ဝန်မရှိပါဘူး သွေးစစ်ရင်ရာကိုယ်ဝန်ရှိတာပြနိုင်သလားရှင့် ကိုယ်ဝန်လုံးဝမလိုချင်လို့ပါ
၂၈လုံးပါ တားဆေးက ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်းဆိုမှသာ သောက်ပြီးတာနဲ့ အတူနေလို့ ရတာပါ။ တခြားရက်တွေဆိုရင် ၅ရက်ကြိုသောက်မှ အာနိသင်ရပါတယ်။ ပြီးရင်လည်း ဆက်တိုက်သောက်ရပါတယ်။
အရေးပေါ်တားဆေးနဲ့ မတူပါ။
ရက်၃၀တစ်ခါ ရာသီလာတတ်သူဆိုရင်တော့ ၂၁ရက်နေ့က သားဥကြွေရက်ပြီးသွားပြီမို့လို့ မရနိုင်ပါ။ ဒါပေမဲ့ ဒါက ရာသီလာတာ မှန်တဲ့သူတွေအတွက် ပြောတာပါ။ ရာသီစက်ဝန်းက ရက်၃၀ဖြစ်လိုက်၊ ၃၅ရက်ဖြစ်လိုက်၊ ၂၈ရက်ဖြစ်လိုက်ဆို သားဥကြွေတဲ့ရက်ပြောင်းနိုင်ပါတယ်။
ဆီးစစ်တာက ကိုယ်စစ်တာမှန်တယ်ဆို ပြဿနာမရှိပါ။ စိတ်မချရင်တော့ ဆေးခန်းမှာ သွားစစ်ပါ။
ကိုယ်ဝန်မလိုချင်ဘူးဆို တားေဆးသောက်နည်းကို သေချာလေ့လာပါ။ မသိတာရှိရင် မနေခင်တည်းက ကြိုပြီးလာမေးပါ။ ဆေးသောက်တာမှားသွားလို့ ကိုယ်ဝန်ရသွားရင် ဘာမှလုပ်ပေးလို့ မရလို့ပါ။