Hello Sayarwon
မင်္ဂလာပါရှင့်
အမျိုးသားနဲ့က အတူနေတိုင်း အကာအကွယ်မသုံးပါဘူးရှင့်။ ဒီနောက်ပိုင်း သူနဲ့အတူနေပြီးတိုင်းမှာ ဆီးလမ်းကြောင်းပိုးဝင်သလို ဆီးသွားပြီးတိုင်း ကျဉ်နေလို့ပါရှင့်။ သူကလည်း ကျမနဲ့ပဲ အတူနေတဲ့သူပါရှင့်။ အဲဒါ သူ့ဆီမှာ တစ်ခုခုဖြစ်နေလို့ အတူနေတိုင်း ကျမ ဆီးလမ်းကြောင်းပိုးဝင်တာလားရှင့်။ ကျမတို့ ဘာတွေစစ်ဖို့လိုမလဲ အကြံပြုပေးလို့ရမလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
အမျိုးသမီးတွေက ပုံမှန်အားဖြင့် လိင်ဆက်ဆံတဲ့အခါ ဆီးပိုးဝင်တတ်ပါတယ်။ ခဏခဏဝင်တာကတော့ မကောင်းပါဘူး။ ဆရာဝန်နဲ့ ပြပြီးသေချာပျောက်အောင်ကုပါ။