Hello Dr

Marvelon နဲ့ပတ်သတ်ပြီးမရှင်းတာလေးမေးခွင့်ပြုပါDr ။ကျနော့်အမျိုးသမီးက Marvelon ကို 7 လပိုင်း 13ရက်နေ့ကစသောက်ပါတယ်။14 ရက်​နေ့လည်းသောက်ပါတယ်။အဲ့နေ့မှာတော့အတူနေဖြစ်ပါတယ်။ အဓိက သိချင်တာကဒီလိုပါDr ။

15.16.17 ဆက်မသောက်ထားပဲ 17 ရက်နေ့မှာအတူနေပြီးမှ 15.16.17 အတွက်သုံးရက်စာကိုတစ်ခါထည်းသောက်လို့ရတယ်ဆိုတာဟုတ်ပါသလားDr.။အကယ်၍ အဲ့လိုသောက်ရင် ဘယ်လို အန္တရာယ်ရှိနိုင်ပါသလဲ Dr.ကျေးဇူးပြုပြီး ရှင်းပြပေးပါလား။ပြီးရင် IUD နဲ့ Implanon ဘယ်နည်းလမ်းက Sideaffect အနည်းဆုံးနဲ့စိတ်ချရတဲ့နည်းလမ်းဖြစ်မလဲဆိုတာပြောပေးလို့ရလားDr.

Dr. ကျေးဇူးတင်ပါတယ် ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
14
1
1

မှတ်ချက် 1ခု

အရင်ဆုံး သိချင်တာက အဲ့ ၁၃၊ ၁၄က ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်းလား။

တားဆေးကတ်သောက်နည်းက ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် သောက်ပြီးတာနဲ့ တန်းပြီး အတူနေလို့ရပေမယ့် အဲ့လိုမဟုတ်ဘူးဆိုရင် ၅ရက်၊၁ပတ်လောက် ရက်ရှောင် ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးရပါတယ်။ ဆေးအာနိသင်ရဖို့ ရက်စောင့်ရလို့ပါ။ ဒါက တစ်ပိုင်းပါ။


တားဆေးတွေက သောက်ဖို့ မေ့သွားရင် အာနိသင်မကျအောင် နောက်ရက်တွေမှာထပ်ပေါင်းပြီး သောက်ပေးရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမဲ့ အများဆုံး ၂လုံးပဲ သောက်ပါတယ်။ ၃ရက်မေ့လို့ ၃လုံး သောက်ရတာ မဟုတ်ပါ။ မသောက်တဲ့ရက်တွေ များလာရင် ဘယ်အတန်းမှာ မသောက်တာလဲပေါ် မူတည်ပြီး နောက်ထပ် ရက်ရှောင်တာ ဒါမှမဟုတ် အရေးပေါ်တားဆေး သောက်တာတွေ လုပ်ရပါတယ်။


တားဆေးသောက်နည်းကို သေသေချာချာ မသိထားဘူးလို့ ယူဆပါတယ်။ သေသေချာချာမသောက်နိုင်ရင် သောက်ရင်းနဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ နီးစပ်ရာဆရာဝန်နဲ့ ဆေးသောက်နည်းကို သေသေချာချာပြန်တိုင်ပင်ပါ။


Implanonနဲ့ IUD၂ခုလုံးမှာ ကောင်းကျိုး၊ ဆိုးကျိုးရှိပါတယ်။ လူနာရဲ့ preferencesပေါ် မူတည်ပြီး ရွေးရတာဖြစ်လို့ လူနာနဲ့သာ ဆိုင်ပါတယ်။ နီးစပ်ရာဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးပါ။



လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်