Mother of the first child

ရာသီမလာတာ 3လရှိလို့ ဆီးစစ်ကြည့်လိုက်တော့ တီ က အရောင်နည်းနည်းမှိန်ပေမဲ့ 2ကြောင်းပေါ်ပါတယ်, အစားစာက ဘာစားစားပြန်အန်တဲ့ရက်တွေက များပါတယ်, OG မဟုတ်ပေမဲ့ နီးစပ်ရာဆေးခန်းကို မကြာခဏ သွားပြရပါတယ်။ ညီမတို့အခုအလုပ်လုပ်နေတဲ့နေရာက ဆေးရုံနဲ့ေ၀းပါတယ်။ Folic Acid သောက်ခိုင်းလို့သောက်ပါတယ်။ ကြောတွေလဲ အောင့်ပီး ညတိုင်လဲ အိပ်မပျော်တဲ့ရက်က များပါတယ် သွေးပေါင်သွားချိန်တိုင်းလဲ အောက်သွေးကျလို့ ဆေးချိတ်ရပါတယ်။ လွန်ခဲ့တဲ့ 7ရက်လောက်က ရာသီ နည်းနည်း လာပါတယ် တစ်ရက်လုံးမဟုတ်ပါဘူး ခဏပါပဲ။ အလုပ်လုပ်နေဆဲပါ, နောက်1ပတ်လောက်နေရင် ဆေးရုံသွားဖို့ ခွင့်တောင်းထားပါတယ် ။ ညီမ အရမ်းစိုးရိမ်လို့ပါ, အလုပ်ကတော့ မပင်ပန်းပါဘူး ထိုင်ပြီး လုပ်ငန်းလုပ်ရတာပါ. ဆောင်ရန် ရှောင်ရန်များ မျှေ၀ပေးပါ အကောင်းအဆိုးများကို အကြံပြုရန် မေတ္တာရပ်ခံပါတယ်။ သားဦးမိခင်ပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

ကိုယ်ဝန်ရှိတည်းက စောစောအပ်ထားရမှာပါ။ ပထမ ၃လက ကလေးရဲ့ ကိုယ်တွင်းအင်္ဂါလေးတွေ ဖွံ့ဖြိုးတဲ့အချိန်၊ အတိမ်းအစောင်း မခံတဲ့အချိန်လေ။

ခုတော့ မှီတဲ့နေရာကနေက ပြရတော့မှာပေါ့။

ဖောလစ်အက်စစ်က ဆက်သောက်ပါ။ သွေးက ဆက်ဆင်းနေရင် နည်းပေမယ့်လည်း သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။

အလုပ်က ထိုင်ရတယ်ဆိုပေမယ့် နောက်ပိုင်း ကိုယ်ဝန်ရင့်လာရင်တော့ သိပ်ပြီး အထိုင်မများပါစေနဲ့။

မြန်မာနိုင်ငံမှာ နေတာလား။ နိုင်ငံခြားရောက်နေလား။

ကိုယ်ဝန်အပ်ရင်တော့ တစ်ခုခုသိရမှာပါ။ အယ်ထွာဆောင်းလည်း ရိုက်ရမှာပါ။ အဖြေပေါ် မူတည်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ ဆက်ပြောပေးမယ်နော်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်