Hello Doctor
ဆရာတို့ခင်ဗျာ ကျွန်တော်ကောင်မလေးနဲ့က တစ်နှစ်မှာ နှစ်ခါ သုံးခါပဲ တွေ့ဖြစ်ကြတာပါ အဲထက်ပိုပြီးမတွေးဖြစ်ပါဘူး တွေ့တဲ့အချိန်မှာ တစ်ရက်နှစ်ရက်ထက်မပိုပါဘူး တွေ့တဲ့ချိန်မှာတူတူနေမိပါတယ် အတူတူနေပြီးတိုင်းအရေးပေါ်တားဆေးခနခနမတိုက်ပါဘူး နှစ်ရက်တူတူနေပြီးမှတိုက်ပါတယ် ပြီးရင်ကို့အလုပ်ကိုပြန်ကြရလို့ပါ ကျွန်တော် သိချင်တာက အရေးပေါ်တားဆေးကို အဲလိုတိုက်လို့ရပါသလား တစ်နှစ်တည်းမှာ သုံးခါတွေတယ်ဆို ၃လုံးတိုက်လို့ရပါသလား ၃လုံးကတစ်ပြိုင်တည်းမဟုပါဘူး ၁လပိုင်းတွေတယ် နောက် ၅လပိုင်း ပြီးရင် နှစ်ကုန်လောက် အဲလိုမျိုးပါ တားဆေးကိုအဲလိုတိုက်လို့ရပါသလားခင်ဗျာ ပြီးတော့ အဲသလို တိုက်ရင်ကော လူကို ဆိုးကျိုး ဆိုးဆိုးဝါးဝါးဖြစ်နိုင်သလားခင်ဗျာ ဖြေပေးပါနော်
တိုက်လို့ ရပါတယ်။
အရေးပေါ်တားဆေးက ဘေးထွက်ဆိုးကျိုးရှိပေမယ့် လူကို အန္တရာယ်ဖြစ်လောက်တဲ့အထိ မဟုတ်ပါဘူး။
နောက်တစ်ခုက ရက်တွေဆက်တိုက်နေတယ်ဆိုရင် တစ်ရက်စာ တစ်ရက်တိုက်တာ ပိုစိတ်ချရပါတယ်။
အရေးပေါ်တားေဆးရဲ့ သဘာဝက စောစောတိုက်လေလေ အာနိသင်ကောင်းလေလေပါ။
ဆေးတွေကို ရက်ဆက်တိုက် မသောက်ချင်ဘူးဆိုရင် ကွန်ဒုံးသုံးပါ။