Please

မင်္ဂလာပါဆရာရှင့်


ညီမရဲ့ ရာသီရက်က ပုံမှန် လဆန်း (၅) English လို 13 ရက်ပါ


ပြီးခဲ့တဲ့လ ရာသီလာပြီး ၃ ရက်မြောက်နေ့ April 16 မှာ ကောင်လေးနဲ့ နေမိပြီး ECCE2 ချက်ချင်းသောက်ခဲ့ပါတယ်။ နေပေမယ့် သုတ်ထွက်တာ မရှိခဲ့ပါဘူးဆရာ။ နောက် ၂၄ နာရီအပြည့်မှာ နောက်တစ်လုံးသောက်ခဲ့ပါတယ်။


ဆေးသောက်ပြီး (April၂၃) မှာ ရာသီပြန်လာခဲ့ပါတယ်ဆရာ။ ကြားထဲမှာ အော့တာအန်တာမူးတာလူံးဝမရှိခဲ့ပါဘူး။


ဒါပေမယ့် ခုလမှာ ပုံမှန်ရာသီလာရက် ၁၃ ရက်မှာလည်း မလာခဲ့ဘူး၊ ဆေးသောက်ပြီး ပြန်လာတဲ့ရက် ၂၃ ရက်ထိလည်း မလာသေးလို့ပါရှင့်


အဲ့ဒါ ကိုယ်ဝန်ရှိနိုင်တာလား။ ဆေးကြောင့်နောက်ကျတာမျိုးလား။ ဆေးသောက်ပြီးရင် ဒီလိုက ပုံမှန်ဖြစ်တတ်တာလား သိပါရစေရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1

မှတ်ချက် 1ခု

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်