How to drink?
မလေးရှားမှာနေတာပါ။ အိမ်ထောင်ကြ ခါစပါခင်ဗျ။ ဒီဆေးလေးဝယ်ထားတာ ဘယ်ကစတိုက်ရမလဲ ဗျ ဒီနေ့က သောကြာဆိုတော့ ဒီနေ့စတိုက်မရလား ပထမဆုံး Sunday ဆိုတဲ့ အလုံးပဲ စတိုက်ရမလားဗျ ၂၁ လုံးပြီးရင်ရော ဘယ်တော့နောက်တစ်ကဒ်စရမလဲဗျ။ အတူတူမနေ ဖြစ်တော့ရင် ချက်ချင်းဆေးသောက်တာရပ်လို့ရလားဗျ



















Sunဆိုတဲ့ အလုံးက စသောက်နော်
သူက မှတ်ရလွယ်အောင် ပြထားတာ
တကယ့်အပြင်ကရက်နဲ့ တိုက်ပြီး သောက်စရာမလိုပါဘူး
အဲ့မှာ မြားအစလေး မြင်တယ်ဟုတ်
တားဆေးကတ်သောက်မယ်ဆိုရင် ရာသီ'စ'လာတဲ့ရက်ကနေ ၅ရက်အတွင်းဆို သောက်ပြီးတာနဲ့ အတူနေလို့ ရပါတယ်။
တခြားရက်တွေဆိုရင်တော့ ၇ရက်ရက်ရှောင်ပြီးမှ အကာအကွယ်မဲ့ အတူနေလို့ ရပါမယ်။
ဆေးက နေ့တိုင်း တစ်လုံးစီ ပုံမှန်သောက်သွားပါ။
၂၁လုံးပြည့်ရင် ၇ရက်နားပါ။ ၇ရက်ပြည့်တာနဲ့ ရာသီလာလာလာ မလာလာ၊ ပြီးပြီးမပြီးပြီး ကတ်အသစ်စသောက်ပါ။ ကတ်အသစ်စဖို့ မနောက်ကျအောင် သေချာမှတ်ထားပါ။ ဖုန်းထဲမှာ alarmပေးထားပါ။
၂၁ရက်ပြည့်တာနဲ့ ရာသီတန်းလာမှာ မဟုတ်ဘူးနော်။ တချို့တွေမှာ ၇ရက်နားပြီးလို့ ကတ်အသစ်စမှ ရာသီလာတာလည်း ရှိပါတယ်။
ဘာများသိချင်သေးလဲ