How to drink?

မလေးရှားမှာနေတာပါ။ အိမ်ထောင်ကြ ခါစပါခင်ဗျ။ ဒီဆေးလေးဝယ်ထားတာ ဘယ်ကစတိုက်ရမလဲ ဗျ ဒီနေ့က သောကြာဆိုတော့ ဒီနေ့စတိုက်မရလား ပထမဆုံး Sunday ဆိုတဲ့ အလုံးပဲ စတိုက်ရမလားဗျ ၂၁ လုံးပြီးရင်ရော ဘယ်တော့နောက်တစ်ကဒ်စရမလဲဗျ။ အတူတူမနေ ဖြစ်တော့ရင် ချက်ချင်းဆေးသောက်​တာရပ်လို့ရလား​ဗျ

How to drink?How to drink?
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1

မှတ်ချက် 1ခု

Sunဆိုတဲ့ အလုံးက စသောက်နော်

သူက မှတ်ရလွယ်အောင် ပြထားတာ

တကယ့်အပြင်ကရက်နဲ့ တိုက်ပြီး သောက်စရာမလိုပါဘူး

အဲ့မှာ မြားအစလေး မြင်တယ်ဟုတ်


တားဆေးကတ်သောက်မယ်ဆိုရင် ရာသီ'စ'လာတဲ့ရက်ကနေ ၅ရက်အတွင်းဆို သောက်ပြီးတာနဲ့ အတူနေလို့ ရပါတယ်။

တခြားရက်တွေဆိုရင်တော့ ၇ရက်ရက်ရှောင်ပြီးမှ အကာအကွယ်မဲ့ အတူနေလို့ ရပါမယ်။


ဆေးက နေ့တိုင်း တစ်လုံးစီ ပုံမှန်သောက်သွားပါ။

၂၁လုံးပြည့်ရင် ၇ရက်နားပါ။ ၇ရက်ပြည့်တာနဲ့ ရာသီလာလာလာ မလာလာ၊ ပြီးပြီးမပြီးပြီး ကတ်အသစ်စသောက်ပါ။ ကတ်အသစ်စဖို့ မနောက်ကျအောင် သေချာမှတ်ထားပါ။ ဖုန်းထဲမှာ alarmပေးထားပါ။


၂၁ရက်ပြည့်တာနဲ့ ရာသီတန်းလာမှာ မဟုတ်ဘူးနော်။ တချို့တွေမှာ ၇ရက်နားပြီးလို့ ကတ်အသစ်စမှ ရာသီလာတာလည်း ရှိပါတယ်။


ဘာများသိချင်သေးလဲ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်