Hello Doctor
3လပိုင်း1ရက်နေ့က ရာသီနောက်ဆုံးလာထားတာပါ..ခု4လပိုင်း 17ရက်ထိ ရာသီပြန်မလာသေးပါဘူး..ဆီးစစ်ကြည့်တော့လဲ အရာလေးလောက်ပဲ မြင်ရပါတယ်...2023ခုနှစ်4လပိုင်းက ကိုယ်ဝန်2လနဲ့ပျက်လို့ OGပြတော့ အသားလုံး 1cmအရွယ် 3လုံးလောက် ရွေ့လျားနေတာ တွေ့တယ်ဆိုပီး ဆေး3လ စွဲစားခိုင်းပါတယ်..နောက်ပိုင်းရာသီ တစ်လတစ်ခါ ပုံမှန် ပြန်လာပါတယ်ရှင့်..ခုလမှ ရာသီမလာလို့ စစ်ကြည့်တော့ အရာလေး မြင်ရရုံပဲ တွေ့ပါတယ်...ကိုယ်ဝန်ရှိ မရှိ သေချာအောင် ဘယ်လိုစစ်ကြည့်သင့်လဲရှင့်
အခုပြထားတဲ့ပုံအရတော့ မရှိပါ။
သေချာအောင် တခြားတံဆိပ်နဲ့ မနက်ဆီးနဲ့ဖြစ်ဖြစ်၊ ဆေးခန်းမှာဖြစ်ဖြစ် စစ်ကြည့်နိုင်ပါတယ်။
ဆီးစစ်ထားတဲ့ အဖြေ...အရာလေးလောက်ပဲ မြင်ရတာပါ