Hello Doctor

မေးလို့ရလား တော့မသိဘူး ကျ နော် အသက် 35ပြည့် တော့မှာပါ။ ကျနော် စိုးရိမ် နေတာ တခုရှိလို့ပါ။ ကန်တော့ပါ အိမ်သာ၅မိနစ် လောက် ထိုင်လိုက်မိရင် ခြေ ထောက် တွေ ထုံကျင်လာပါတယ်၊ အိပ်ရင်လဲ တဖက်စောင်း အိပ်တဲ့အခါ စောင်းတဲ့ဘက်က ကိုယ်တခြမ်းက ထုံကျင်လာပါတယ် ၊ မတ်တပ်ရပ်တဲ့ အနေအထားမှာလဲ ကြာကြာမရပ် နိူင်ပါဘူး၊၊ခြေထောက်က ထုံကျင်လာပါတယ်။ကျနော့မှာ ထိုင်တာဖြစ်ဖြစ် အိပ်တာဖြစ်ဖြစ် မတ်တပ်ရပ်တာဖြစ်ဖြစ် ကြာကြာ မရပါဘူး။ ကျနော် ဘာလုပ်သင့်ပါသလဲ ဆရာ။ဘာဖြစ်နိူင်ပါသလဲ။အားကစားအနေနဲ့ ကတော့ Gym ဆော့ပါတယ်ဆရာ။ ဘာဖြစ်တက်တယ်ဆိုတာရယ် ကျနော်ဘာလုပ်ရမယ်ဆိုတာရယ် ကျနော် သိချင်ပါတယ် ဆရာ။ အတွေးဝင်ပြီး ကြောက်လန့် နေလို့ပါ ဆရာ ကျေးဇူးပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
5

မှတ်ချက် 5ခု

ထိုင်တဲ့အခါ မတ်တပ်ရပ်တဲ့အခါ ခြေထောက်နှစ်ဖက်လုံး ထုံတာလား။ တစ်ဖက်တည်းလား။

အိမ်သာက ဘိုထိုင်က မြန်မာထိုင်လား။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဒါဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြပြီး စစ်ဆေးကြည့်တာ ပိုကောင်းပါတယ်။ အာရုံကြောပြဿနာတစ်ခုခု ဒါမှမဟုတ် တခြားရောဂါစု တစ်ခုခု ဖြစ်နိုင်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

အိမ်သာထိုင်မှမဟုတ်ဘူး ဆရာ။

ထိုင်တာ မတ်တပ်ရပ်တာ 3/4မိနစ် လောက်ကြာရင်ကို

ကျင်ထုံလာတာ။ ခြေထောက်တဖက်တည်းထောက်ရပ်ထားရင် အဲ့တဖက်တည်း ကျင်ထုံ နေတာပါ။ အိပ်တယ်ဆိုရင်လဲ ပက်လက်အိပ်ရင် ကျောကကျင်လာတယ်၊စောင်းအိပ်ရင် စောင်းတဲ့ဘက်က တခြမ်းလုဲးကျင်လာတယ်ဆရာ။

ဝိတ်ကတာ့ မတက်ဘူးဆရာ gym ဆော့နေလို့လားတော့မသိဘူး ဆရာ

တခြား လက္ခဏာက ခြေဖဝါးတွေ အပူထွက်သလိုမျိုးခံစားရတယ်၊မကြာမကြာ သွေးတိုးတယ် ခေါင်းကိုက်တယ်ဆရာ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ထိုင်တာကလေ အိမ်သာမှာ ထိုင်မှ ကျင်တာလား။ တခြားနေရာတွေမှာ ထိုင်ရင်ရော။ နောက်ပြီး ဘယ်လောက်ကြာကြာ ထိုင်ပြီး၊ ရပ်ပြီးရင် ကျင်တတ်လဲ။ ကျင်တာအပြင် ခန္ဓာကိုယ်မှာ တခြားရော ဘာလက္ခဏာတွေ ဖြစ်တတ်လဲ။

အဲ့လိုကျင်နေတာ ကြာပြီလား။ ကိုယ်အလေးချိန် တက်လာသေးလား။


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ထိုင်တဲ့အခါ၊မတ်တပ်ကြာကြာ ရပ်တဲ့အခါ နှစ်ဖက်လုံးကျင်တာပါ။ မြန်မာထိုင်ပါဗျ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်