Hello Doctor
ပုံမှန်ရာသီလာတာတော့ရက်မမှန်ပါဘူးအရင်လက 1ရက်နေ့လာပါတယ် ဒီလ 9 ရက်နေ့က မှရာသီလာပါတယ် 18 ရက်နေ့ကျ ကောင်လေးနဲ့ condom မပါပဲတူတူနေခဲ့ပါတယ် နေပြီး တစ်နာရီအတွင်း Ecee 2 နှစ်လုံးတစ်ခါထဲသောက်ခဲ့ပါတယ် အခု 22 ရက်နေ့ကျတော့ မနက်ပိုင်းကျသွေးနည်းနည်းဆင်းပြီး ညဘက်ဆီးသွားေတာ့ သွေးအဖတ်တွေပါပါတယ် ဗိုက်ပါအောင့်နေပြီး ရင်သား တွေလဲတင်းနေပါတယ် 23 မနက်ကျ သွေးနည်းနည်းဆင်းပါတယ် pad ဆိုရုံလောက်ပါပဲ ဗိုက်တော့အောင့်နေပါတယ် အဲ့တာက ကိုယ်ဝန်ရှိတဲ့လက္ခနာလားဖြေပေးပါအုံးဆရာ တခြားရောဘာတွေဖြစ်နိုင်သေးလဲ စိုးရိမ်ရလား ဘလိုကာကွယ်သင့်လဲဆရာ
ကျွန်တော့ ကောင်မလေးကလေ ခုတလော Inner lips မိန်းမကိုယ်ရဲ့အပြင်က အတွင်းညာဘက် နှုတ်ခမ်းက ယားနေတာ နှစ်ပတ်ကျော်ပါပြီ ဆရာဝန်မနဲ့ ပြတာ လိမ်းဆေး နဲ့ ထည့်ဆေး KLOVINAL ပေးလိုက်ပေမဲ့ သူက မိန်းမကိုယ်ယားတယ်ပဲပြောလိုက်လို့ မပျောက်တာလား မသိဘူးတဲ့ လိမ်းဆေးကို တရက်လိမ်းပြီး ဘူးပျောက်သွားလို့ ထည့်ဆေးတော့ ၆ရက်အပြည့် ထည့်ပါတယ်တဲ့
ခုထိ မပျောက်လို့ပါ (သူ အရင်က တခါမှ မဖြစ်ဖူးပါဘူး)
ဖြေပြီးပြီနော်.
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။