Hello Dr. ကျွန်တော့်ကောင်မလေးနဲ့ Feb 24 ရက်နေ့မှာ အတူနေမိပါတယ် အကာကွယ်လဲ သုံးပါတယ် အကာအကွယ် ပေါက်ပြဲတာမျိုးလဲ မရှိခဲ့ပါဘ

Hello Dr.


ကျွန်တော့်ကောင်မလေးနဲ့ Feb 24 ရက်နေ့မှာ အတူနေမိပါတယ် အကာကွယ်လဲ သုံးပါတယ် အကာအကွယ် ပေါက်ပြဲတာမျိုးလဲ မရှိခဲ့ပါဘူး အခု ရာသီမလာတာ တစ်ပတ်ကျော်နေလို့ပါ ဆီးလဲ စစ်ကြည့်ပါတယ် negative ပါ ရာသီလာရမယ့် ရက်မတိုင်ခင်က ဝမ်းချုပ်တာ နဲ့ အိပ်ရေးပျက်တာ တို့ ရှိပါတယ် evprim တို့ လို အားဆေး မျိုးလဲ သောက်ပါတယ် အခုထိ ရာသီမလာသေး လို့ပါ ဘယ်လိုဆက်လုပ်သင့်ပါလဲ ခင်ဗျ ဘာအတွက်ကြောင့် နောက်ကျရတာလဲ ဗျ ပုံမှန် အချိန်မှန် ရာသီလာတတ်တဲ့သူပါ ဗျ ဖြေကြားပေးပါဦး ခင်ဗျ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
10
2

မှတ်ချက် 2ခု

ဆီးစစ်ကြည့်တာ မရှိရင်တော့ မရှိပါ။ ကိုယ်ဝန်မရှိဘဲ ရာသီမလာရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ စိတ်ဖိစီးမှုများတာ၊ ရုတ်တရက် တအားဝလာတာ၊ တအားပိန်သွားတာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ စသဖြင့်ပါ။ ဘာမှ လုပ်စရာမလိုပါ။

နောက်လမလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ကျေးဇူးအထူးပါဗျ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်