Emergency Pill ထပ်သောက်ဖို့လိုမလို
မနေ့မနက်တုန်းက အကာအကွယ်မပါဘဲ လေးခါသွားမိပါတယ်ဆရာ ညနေသုံးနာရီလောက်ကျ ECee2 နှစ်လုံးပါတဲ့ဆေး တစ်လုံးတိုက်ပြီး 12ကြာတော့ ကျန်တဲ့တစ်လုံးထပ်တိုက်လိုက်ပါတယ်ဗျ ဒီနေ့အကာကွယ်သုံးပြီးအတူထပ်နေတော့ ကွန်ဒုံးပေါက်သွားတယ်ဗျ အဲ့တာ အရေးပေါ်တားဆေးထပ်သောက်ဖို့လိုပါသလားဆရာ ပထမ ECee2 တစ်လုံးတိုက်ပြီး 25နာရီလောက်အကြာမှာ ကွန်ဒုံးထပ်ပေါက်တာပါဗျ ကိုယ်၀န်မရချင်လို့ ပိုစိတ်ချရအောင် နောက်တစ်လုံးထပ်သောက်သင့်လားဆရာ နှစ်ရက်ဆက်သောက်သလိုဖြစ်သွားမှာမို့ ကျန်းမာရေးရောထိနိုင်လားဗျ သောက်ရမယ်ဆိုလည်း နှစ်လုံးပါတဲ့ ECee2 မဟုတ်ဘဲ တစ်လုံးဘဲပါတဲ့ တစ်ခြားတံဆိပ်သောက်လို့ရပါသလားဗျ
ထပ်သောက်ဖို့မလိုပါဘူး
ရေရှည်အတွက်တော့ အရေးပေါ်တားဆေးတွေမသုံးဘဲ တခြားနည်းလမ်းတွေအသုံးပြုပါ