Vagina discharge
ဆရာတိူ့ရှင့် ဖေဖော်ဝါရီလ ၁၈ရက်ကရာသီစလာပြီး၂၁ရက်ကပြီးပါတယ် March လ၄ရက်နဲ့ ၁၃ရက်နေ့မှာ ကောင်လေးနဲ့အကာအကွယ်သုံးပြီး အတူနေမိတယ်ရှင့် အခုမိန်းမကိုယ်က ယားယံပြီး အဖြူရောင်အရည်ဆင်းနေတာ အထဲမှာအဖြူဖတ်လေးတွေလည်းကပ်နေတယ်ရှင့် ကိုယ်ဝန်ရနိုင်လားရှင့်တခြားဘာပြသနာရှိနိုင်လဲရှင်
အဖြူဆင်းတာက ၃လပိုင်း ၁၁ရက်လောက်က စတာဆရာ မိန်းမကိုယ်ကယားယံပြီးတစ်ဆို့ဆို့နဲ့နေလိူ့ထိုင်လို့တော်တော်အဆင်မေပြေပဲကုတ်ပဲကုတ်ချင်နေတာရှင့် အစပိုင်းရက်တွေက အဖြူမဆင်းပဲယားပဲနေပြီး ၁၄ရက်လောက်မှအဖြူစဆင်းတာဆရာ စစတုန်းက အရည်ကျဲနဲ့ေဘာင်းဘီစိုသွားတော့လဲလိုက်ရတယ်ရှင့် ဖြူပြီးစေးကပ်တယ်လို့ထင်ထားပေမယ့် တစ်ရှူးနဲ့အသာလေးယူကြည့်တာအစိမ်းနုရောင်ဖြစ်နေတယ်ရှင့် ပြီးတော့ daily padအသေးလေးခံကြည့်တော့လည်းအဲ့လိုပဲဆရာ အရောင်မပြောင်းသွားဘူး အများကြီးမဟူတ်ပဲ padအသေးလေးမှာပေတယ်ဆိုယုံလေးပဲရှင့် တစ်ရှူးနဲ့ ယူကြည့်ရင်တော့ နည်းနည်းပါလာတာလောက်ပဲရှိတာဆရာ အမြှူပ်လည်းမထသလိုအဖြူဖတ်တွေလည်းမကပ်ဘူးရှင့် daily padအသေးလေးနဲ့ညအိပ်ပြီး မနက်နိုးရင်တော့ ကန်တော့ဆရာ ဒိန်ချဥ်လိူအနံ့ရတယ်ရှင့် ဆီးသွားရတာတော့ပုံမှန်ပါပဲ ဒါမယ့်အဝနားကအရင်ရက်တွေက မသိပဲကုတ်မိထားတာရှိတော့နည်းနည်းတော့စပ်တယ်ရှင့်တခြားဆီးလမ်းကြောင်းက ပူတာနာတာတော့မရှိပါဘူး ေသွးလည်းမဆင်းဘူးရှင့် ဖျားလည်းမဖျားပဲစားသောက်တာက ပုံမှန်လိုပဲဆရာ နဂိုတညကအစားနည်းတဲ့ထဲပါတယ်ရှင့် ဝမ်းကလည်းတစ်နေ့၂ခေါက်ပုံမှန်သွားတယ်ရှင့် အခုမိန်းမကိုယ်ကယားနေပြီး အထဲကိုဖိပြီးတိူ့ကြည့်ရင်အစိမ်းနုရောင်လေးတွေထွက်လာတာကလွဲရင် အကုန်အဆင်ပြေပါတယ်ဆရာ နယ်ဘက်ဆိုတော့ ဆေးခန်းလည်းမရှိလိူ့ပါဆရာ ကျေးဇူးပြုပြီး ပြောပြပေးပါအူးရှင်
အဖြူဆင်းတာကတော့ မိန်းမကိုယ်ပိုးဝင်နေတာဖြစ်နိုင်ပါတယ်
ဆရာဝန်နဲ့သေချာပြသပြီး ကုသမှူခံယူဖို့လိုအပ်ပါတယ်နော်
ရာသီကအခုထိမလာသေးတာလား
အကာအကွယ်သေချာသုံးတယ်ဆိုရင်တော့ ရနိုင်ချေနည်းပါတယ်