Hello
ဆရာဗျ
11.3.24ဒီပတ်တနလာ်နေ့တုန်းက ကောင်မလေးအဖော်မပါဘဲ တူတူနေမိပါတယ်
ကောင်မလေးကအစထဲက စိုးရိမ်သူမို့ ပထမနာရီဝက်လောက်ပြီးတော့ မနေကြတော့ပါဘူး အထဲမှာလဲမပြီးလိုက်ဘူးဗျ
မိနစ်အကြာကောင်မလေးအဂ်ါကို လက်နဲ့ထိပေးပြီးသိပ်မကြာဘူး ရာသီလာနေပါတယ်ဗျ အဲ့တာပြီး သုံးရက်လာသွားတယ်ပြောပါတယ်ဗျ
ကောင်မလေးက ဆေးလည်းမသောက်ချင်
ကိုယ်ဝန်ရမှာလည်းစိတ်ပူနေပါတယ်ဗျ
အဲ့ရက်က သားဥကြွေတဲ့ရက်လားဗျ ၂လပိုင်း၁၈ရက်နေ့က ရာသီလာတာတော့ ၅ရက်လို့တော့ပြောတယ်ဗျ ဖြေကြားပေးပါအုန်းဗျ
သားဥကြွေတဲ့ရက်ဟုတ်မဟုတ် ဆိုတာက ကိုယ့်ရာသီရက်၊ ရာသီစက်ဝန်းနဲ့ တွက်ရမှာပါ။ အဲ့တာကလည်း ရာသီရက်မှန်ဦးမှ။
အခုက သွေးဆင်းတဲ့ ပမာဏကရော နည်းသလား။ ပုံမှန်ဆင်းနေကျအတိုင်းပဲလား။
သားဥကြွေတဲ့အချိန်မှာ သွေးတော့ မဆင်းတတ်ပါဘူး။ ဆင်းလည်း အတွင်းခံစွန်းရုံ တစ်ရက်လောက်ပဲ ဆင်းတာပါ။
တစ်ခါတလေ ရာသီရက်တွေက စောတာ၊ နောက်ကျတာ၊ ရက်တိုတာ၊ ရက်ရှည်တာလည်း ရှိတတ်တော့ ရာသီလာသွားတာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ဟာကိုယ် စိတ်မချရင်တော့ အရေးပေါ်တားဆေးသောက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရသွားရင် တရားဝင်ဖျက်ချလို့ မရပါ။ တားဆေးက ရာသီမမှန်တာမျိုး ဖြစ်တတ်ပေမယ့် မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာထက်စာရင်တော့ တော်ပါသေးတယ်။