🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူလို့ ရေခဲရေလေး သောက်ချင်တယ်။ ကိုယ်ဝန်ကြီးနဲ့ ရေခဲရေ မသောက်နဲ့ ဗိုက်ထဲက ကလေး လန့်သွားလိမ့်မယ်ဆိုတဲ့ စကားကြောင့် ရေခဲရေ မသောက်ရဘဲ ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဖြေလေး သိရအောင် ဒီစာလေးကို ဖတ်ကြည့်လိုက်နော်။


ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲရေသောက်လို့ရပါတယ်။ သိပ်အေး မနေဖို့တော့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ လိုအပ်ချက်ရော ရေဓာတ်လိုအပ်ချက်ကိုပါ လစ်ဟာမှု မရှိဖြည့်နိုင်မှ မေမေရော ဘေဘီလေးပါ ကျန်းမာမှာဆိုတော့ ရေသောက်တာ ရေငတ်မပြေလို့ ရေအေးအေးလေး သောက်ချင်တယ်ဆိုရင် ရေခဲရေ သိပ်မအေးတာလေး သောက်လို့ရပါတယ်။


ရေခဲရေ သောက်တာ​ကြောင့် မေမေရော ဘေဘီလေးကိုပါ ထိခိုက်မှု တစ်စုံတစ်ရာဖြစ်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ မှာချင်တာလေး တစ်ခုကတော့ ရေခဲရေအစား အချိုရည် အေးအေးလေး သောက်တာမျိုးတာ့ မလုပ်စေချင်ပါဘူး။ အချိုရည်က မေမေ့ကျန်းမာရေးကိုရော ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။


ကိုယ်ဝန်ဆောင်ချိန် အစစအရာရာ သတိထားရချိန်မို့ ရေခဲရေကို စိတ်လွတ်ကိုယ်လွတ် သောက်ချင်တိုင်းတော့ သောက်လို့ မရပါဘူး။ ကိုယ်ဝန် အခြေအနေနဲ့ ရေခဲရေ သောက်ဖို့ သင့်တော်ရဲ့လားဆိုတာကိုလည်း ဆရာဝန်ကို မေးဖို့ လိုပါမယ်။


ကိုယ်ဝန်က ထိခိုက်လွယ်တဲ့ အနေအထားမျိုး ဆိုရင်တော့ ရေခဲရေကို မသောက်တာက အကောင်းဆုံးပါ။


#HelloMomandBaby #Pregnancy #MomCare #ShortArticle


ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား!ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား!
0
17k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်