မင်္ဂလာပါဒေါက်တာရှင့်
ကျမအသက်ကအခုဆို၃၁နှစ်ပါဒေါက်တာ၂၀၁၉ခုနစ်၄လပိုင်း၁၁ရက်နေ့ကကျမဘောရှင်းဖြစ်ဘူးပါတယ်ပီးတာနဲ့ကျမ၃လခံဆေး၁ခါထိုးလိုက်ပါတယ်လပြည့်ပီးဆေးသောက်တာ၂၀၂၂ခုနစ်၃လပိုင်းလောက်ကတည်းကဆေးဖြတ်လိုက်တာအခုချိန်ထိပါရှင့်ဘယ်တော့လောက်မှ့ကျမကလေးပြန်ရနိုင်ချေရှိပါသလဲဘာဆေးများသောင်သုံးရမလဲညွှန်ကြားပေးစေလိုပါတယ်ဒေါက်တာရှင့်



















တားဆေးတွေက မြုံတာမျိုးတော့ မဖြစ်စေပါဘူး။ လွန်ခဲ့တဲ့ ၃−၄နှစ်ကထက်စာရင် ကလေးရဖို့ ခက်နိုင်ပါတယ်။ အဓိကကတော့ အသက်ကြီးလာတာကြောင့်ပါ။
ကိုယ်ဝန်ရှိဖို့ တားဆေးဖြတ်ရုံတင်မကဘဲ အောက်ကအချက်တွေကိုလည်း လိုက်နာဖို့ လိုပတယ်။ https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/simple-steps-to-boost-your-fertility/
နောက်ပြီး ပုံမှန်အတူနေဖြစ်ဖို့လည်း လိုပါတယ်။ ၂−၃ရက်ခြားတစ်ခါလောက် အတူနေပေးပါ။ အတူလည်း နေဖြစ်ရဲ့သားနဲ့ ကလေးမရဘူးဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။ ကလေးမရစေတဲ့ တခြားအကြောင်းရင်းတစ်ခုခုရှိနေလားဆိုတာကို စစ်ကြည့်ရမှာပါ။
hellosayarwon.com