🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်​ဝန်​ရလိုခြင်း

တစ်​ခု​လောက်​​မေးခွင့်​ပြုပါ ရှင်

အစက ခ​လေးမယူဘူး ဆုံးဖြတ်​ထား​ပေမဲ့ အခု​တော့ စိတ်​​ပြောင်းသွားလို့ တစ်​​ယောက်​​တော့ ယူမယ်​လို့ ဆုံးဖြတ်​ထားပါတယ်​ရှင်​ ဒါ​ပေမဲ့ အရင်​က ယူရင်​ ချက်​ချင်းရမယ်​ထင်​ထား​ပေမယ့်​ အခု 5လ ရှိပြီ ခ​လေးမရ​သေးလို့ ​ဆေး​သောက်​ဖို့လိုလားရှင်​ ဘာ​ဆေး​တွေ​သောက်​ရတာလဲ​နော်​ ဆရာဝန်​က​ကောပြဖို့ လိုလားရှင်​ အသက်​က ၃၈ ပါ😔

0
17k
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

ဒီထဲမှာ မပါတာကတော့ ဘာတားဆေးတွေသုံးဖူးသလဲ။ တားဆေးဖြတ်တာ ဘယ်လောက်ကြာသွားပြီလဲပေါ့နော်။

၃၈ဆိုတဲ့ အရွယ်ကတော့ ငယ်တဲ့သူတွေနဲ့ ယှဉ်ရင် ကလေးရဖို့ ကြာတတ်ပါတယ်။ ဒါက တားဆေးနဲ့ မဆိုင်ဘဲ အသက်ကြောင့်ပါ။

ထိုးဆေးကလွဲလို့ ကျန်တဲ့ သန္ဓေတားနည်းလမ်းတွေက ဆေးရပ်ပြီး လပိုင်းလောက်ဆို ကလေးရတတ်ပါတယ်။ ထိုးဆေးကတော့ တချို့အမျိုးသမီးတွေမှာ ၁နှစ်လောက် ကြာတတ်ပါတယ်။

ဒါကတော့ ကလေးယူမယ်ဆို လိုက်နာရမယ့် အချက်တွေပါ။

https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-to-get-pregnancy-fast/


အသက် ၃၈နှစ်ဆိုတော့ ဆေးလည်းဖြတ်ထားတာကြာပြီ။ ပုံမှန်လည်း အတူနေပါရက်နဲ့ ၆လလောက် ကြာတဲ့အထိ ကလေးမရဘူးဆိုရင် သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြလိုက်တာကောင်းပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်