ကိုယ်ဝန်ရနိုင်ချေရှိလားရှင့်။
ကျွန်မနဲ့ကျွန်မအမျိုးသားလိင်ဆက်ဆံမိခဲ့ပါတယ် ပထမဆုံးတစ်ခါက အကာအကွယ်မပါပဲ ဆက်ဆံမိခဲ့ပါတယ် ဒါပေမယ့်အထဲမှာတော့မပြီးလိုက်ဘူး နောက် နှစ်ပတ်သံုးပတ်လောက်နေပြီးမှ အကာအကွယ်သုံးပြီးဆက်ဆံတယ် အကာအကွယ်နဲ့ကျ ကွန်ဒုံးကပေါက်သွားရော အဲ့ဒါကို ကျွန်မလည်းမသိ သူလည်းမသိပဲ ဆက်သွားတာ အထဲမှာပြီးသွားတယ် ကွန်ဒုံးကိုချွတ်လွှင့်ပစ်ခါနီးမှသိတာ ကျွန်မလည်းသိတာနဲ့ ဆီးသွားပြီးဆေးကြောလိုက်ပါတယ် ပြီးတော့ ကြာချိန်၂၀နာရီအကြာမှာမှ အရေးပေါ်တားဆေးသောက်လိုက်ပါတယ် အဲ့ဒါကိုယ်ဝန်ရနိုင်ချေရှိလားရှင့် ရာသီကလည်းနောက်ကျနေတာတစ်ပတ်လောက်ရှိပါပြီ ရာသီနောက်ကျတာကတော့ ဖြစ်လေ့ရှိပေမယ့် အခုကျစိုးရိမ်လို့ပါရှင့် ဆရာ ဖြေပေးပါဦးနော်
ဆီးစစ်ကြည့်ပါ