ဆရာခင်ဗျာ ကျွန်တော်နေတဲ့ဘက်က ကျန်မာရေးဆေးခန်းတွေနဲ့ဝေးလို်ပါ သိချင်တာလေးမေးခြင်လို်ပါနော်
ကျွနိတော့်အမျိုးသမီးနဲ့၁၁လပိုင်း၁၅ရက်နေ့
... ပိုမိုကြည့်ရှုရန်🔥 ရေပန်းစားသောအကြောင်းအရာ
မင်္ဂလာပါ ဆရာ
ကောင်မလေးနဲ့အတူနေတာ 8 ရက်နေ့ကပါဆရာ။
အစပိုင်းမှာ အကာအကွယ်သုံးပြီး နောက်တစ်ကြိမ်ထပ်နေတော့ အကာအကွယ်မသုံးပဲ နေပါတယ်ဗျ။ အကာအကွယ်မသုံးပဲ နေရင်း ခဏအကြာမှာပဲ သုတ်ရည်ကြည် ထွက်လုထွက်ခင်မှာပဲ အပြင်မှာပဲ ပြီးလိုက်ပါတယ်ဗျ။ သုတ်ရည်ကြည် အနဲငယ်ပဲ အထဲမှာ ကျန်လိမ့်မယ်လို့တော့ ယူဆမိပါတယ်ဗျဆရာ။ အဲ့တာပြီးပြီးချင်း 5 မိနစ်အတွင်းမှာပဲတားဆေးတစ်လုံးတည်းပါတဲ့ ဆေးကို သူမကသောက်ပါတယ်ဗျ ဆရာ။ သောက်ပြီးပြီးချင်းမှာ မူးဝေတာတွေ စတဲ့ လက္ခဏာတွေ ဘာမှ မဖြစ်ပါဘူးဗျ။ ပုံမှန်ပဲ အဆင်ပြေ
ပါတယ်ဗျ။
အခု အတူနေပြီး 3 ပတ်ပြည့်ခါနီးမှာ အစားမစားချင်တာတွေ ၊ အစာစားပြီးရင် ပျို့အန်ချင်တာတွေ၊ အနဲငယ် မူးဝေတာတွေ၊ အားနည်းတာတွေ စတဲ့ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်ဗျ ဆရာ။( hello ဆရာဝန် website မှ တင်ထားသော
ကိုယ်ဝန်လက္ခဏာများဖြင့် တိုက်ကြည့်ထားခြင်းဖြစ်သည်)
ရာသီလာတာကလဲ ပုံမှန်ထက် အနဲငယ်စောနေပြီး ပုံမှန်ထက် ရက်တိုတယ်လို့ ဆိုပါတယ်ဗျ။
သူမ မှာလဲ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်ခုက အရင်ကနဲ့ ရှိထားတယ်လို့ ဆိုပါတယ်ဗျဆရာ။
အဲ့တာကြောင့် လက္ခဏာတွေက အာရုံကြောရောဂါကြောင့်လား၊ တားဆေးကြောင့်လား၊ ဒါမှမဟုတ် ကိုယ်ဝန် လက္ခဏာကြောင့လားဆိုတာကို ဖြေပေးစေလိုပါတယ်ဗျ ဆရာ။
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။