ကိုယ်ဝန် ဘယ် လို ဖျက် ရ မလဲ မေးလာတဲ့အခါ

တစ်ခါတလေတော့လည်း လာမေးတာပေါ့နော်။ မတော်တဆ ကိုယ်ဝန်ရသွားတယ်။ ဒီကိုယ်ဝန်ကို မလိုချင်ဘူး။ ဖျက်ချချင်လို့။ ဘာဆေးသောက်ရမလဲ၊ ဘယ်မှာဖျက်လို့ရလဲ စသဖြင့်ပေါ့လေ။


ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချပေးလို့ မရပါဘူး။ ဖျက်ချပေးတဲ့ သူက ဆရာဝန်ပဲဖြစ်ဖြစ်၊ တခြားသူပဲဖြစ်ဖြစ် အရေးယူခံရမှာပါ။


မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချလို့ရတဲ့ အခြေအနေတစ်ခုပဲ ရှိပါတယ်။ အဲ့တာက ဒီကိုယ်ဝန်က ကိုယ်ဝန်ဆောင်အမေအတွက် အသက်အန္တရာယ်ရှိတယ်ဆိုတာ သေချာတဲ့အခါမှပါ။ ဥပမာ အမေက နှလုံးရောဂါရှိတယ်။ ဒီကိုယ်ဝန်ကိုသာ ဆက်လွယ်ထားရရင် သူ့အတွက် အန္တရာယ်ရှိနိုင်တယ် စသဖြင့် အဲ့လိုအခြေအနေတစ်ခုခုမှပဲ ဖျက်လို့ ရပါတယ်။ အဲ့တာတောင် 'ကျွန်မက နှလုံးရောဂါရှိလို့ ကိုယ်ဝန်ဖျက်ချပေးပါ။' အဲ့လိုလုပ်လို့ မရပါဘူး။ ရောဂါရှိရုံနဲ့ ပေးမဖျက်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်အတွက် အန္တရာယ်ရှိလောက်အောင် ပြင်းထန်မှပဲ ပေးဖျက်တာပါ။


ဖျက်တဲ့အခါမှာလည်း ဆရာဝန်တွေ အများကြီး ပါတဲ့ ဘုတ်အဖွဲ့က အတည်ပြုပြီး ဆေးရုံကြီးတွေမှာပဲ ဖျက်ပေးတာဖြစ်ပါတယ်။


ဒီလိုမျိုး ကိုယ်ဝန်ကို တရားဝင်ဖျက်လို့ မရသေးတာကြောင့် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သေသေချာချာတားဖို့ ပြောပြနေရတာပဲဖြစ်ပါတယ်။

ကိုယ်ဝန် ဘယ် လို ဖျက် ရ မလဲ မေးလာတဲ့အခါကိုယ်ဝန် ဘယ် လို ဖျက် ရ မလဲ မေးလာတဲ့အခါ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
841
7

မှတ်ချက် 7ခု

Okဆေးကဒ်ကိုပုံမှန်ည10နာရီေသာက်နေကြပါ ဆရာ 2ရက်ရှိပြီ 12ေကျာ်ေလာက်မှေသာက်မိလို့ ကိုယ်ဝန်ရနိုင်ပါသလား ဆရာ

လွန်ခဲ့သော တစ်ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

နေ့စဉ်သောက်ဖြစ်ရင် ရပါပြီ

အချိန်ပုံမှန်သောက်ဖြစ်ရင်တော့ ပိုကောင်းတာပေါ့

လွန်ခဲ့သော တစ်ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာမေးခြင်လို့ပါ ကွန်ဒုံသုံးပြီးလိင်ဆက်ဆံတာ ဗိုက်ကြီးနိင်လား ကွန်ဒုံကပေါက်တာပြဲတာလဲမရှိပါဘူး ပြီးတော့တန်ထုတ်လိုက်တာပါဗိုက်ကြီးနိင်လာဆရာ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@aung aung

ဖြေပြီးပါပြီ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခဲ့ပေမယ့် ပြီးသွားလို့ထုတ်လိုက်တဲ့အခါ ကွန်ဒုံးကအထဲမှာကျန်ခဲ့ပါတယ်ဆရာ ကွန်ဒုံးတခုလုံးကျန်ခဲ့တာမဟုတ်ပဲ တဝက်လောက်ဝင်ပြီးကျန်နေခဲ့တာပါ ပြီးသွားလို့ထုတ်လိုက်တဲ့အခါမှာ ကွန်ဒုံးထဲကသုက်တွေကအပြင်ကိုထွက်ကျလာပါတယ်ဆရာ အဲ့ဒါကိုယ်ဝန်ရနိုင်ပါလား ဖြေပေးပါဆရာခင်ဗျ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မိန်းမကိုယ်ထဲကို ဝင်သွားလားဆိုတာပေါ် မူတည်ပါတယ်။

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာရေသူရဲ့ရာသီလာတဲ့ရက်က8လပိုင်း9ရက်နေ့မာရာသီလာတယ်ဆရာ8လပိုင်း13ရက်နေ့ညမာရာသီလာနေတုန်းအတူတူနေလိုက်မိတယ်ဆရာ/ကွန်ဒုံးပါတယ်ဆရာ /ကွန်ဒုံးလည်းမပေါက်ဘူး ဆရာ/အတူတူနေပီးတော့မနက်ကျတော့ရာသီလာတာတော့ရက်သွားတယ်ဗျ/ ပီးတော့8လပိုင်း29ရက်​​​နေ့ညကတခါအတူတူ​နေမိလိုက်တယ်ဗျ/ကွန်ဒုံး​​တော့ပါတယ်​ဗျ/ကွန်ဒုံးလည်းမ​ပေါက်ဘူးဗျ/စစ်​ကြည့်ပီးသွားပီ/ဒါမဲ့အ​ရေကြည်လေးတွေနဲ့ထိမိသွားတဲ့ကွန်ဒုံးနဲ့အတူတူ​နေမိတယ်ဗျ/ပုံမှုန်ရာသီလာရက်က9ရက်​နေ့ဒီ​နေ့10ရက်​နေ့ရှိပီမလာ​သေးဘူးဗျ

အဲ့တာကိုယ်ဝန် ရနိုင်လားဗျ

ဖြေပေးပါအုံးဗျ

လွန်ခဲ့သော 9 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်