🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ကိုယ်ဝန်ဆောင်ကာလ (၁၆) ပတ်အတွက် သိကောင်းစရာများ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


၁၆ပတ်မြောက်မှာ ထောပတ်သီးအရွယ် ၁၀၀ ဂရမ် ၁၂ စင်တီမီတာ လောက်ရှိလာပါမယ်။ ကျောရိုးနဲ့အနောက်က ကြွက်သားသေးသေးလေးတွေက ပိုသန်မာလာပြီး ခေါင်းကိုမတ်နေအောင် ထိန်းပေးထားမှာပါ။ မျက်နှာကကြွက်သားတွေလည်း အားတွေရှိလာပြီး မျက်လုံးလှုပ်ရှုားဖို့ မျက်မှောင်ကြုတ်ဖို့ ပြုံးဖို့အတွက်လုပ်ပေးမှာပါ။ ကလေးလေးက ခေါင်းလေးမတ်ပြီး စိုက်ကြည့်တာ မျက်မှောင်ကြုတ်တာတွေနဲ့ စိတ်ခံစားကိုဖော်ပြလို့ရပါပြီ။


သားအိမ်ကိုဖောက်ပြီးမြင်နိုင်ရင် ကလေးလေးရဲ့အသားရေကြည်လင်နေတာတွေရမှာပါ။ အရေပြားပါးပါးလေးအောက်က သွေးကြောလေးတွေပါမြင်ရမှာပါ။ ကလေးလေးက

အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကိုဖွံ့ဖြိုးဖို့လုပ်နေရလို့ အဆီတွေမဖြစ်နိုင်သေးပါဘူး။ ကလေးလေးရဲ့နားက အပြီးအစီးဖွံ့ဖြိုးပြီးသွားတဲ့အတွက် ဝမ်းသာနေလောက်ရောပေါ့ မေမေတို့ရေ။ ဒီတော့ မေမေတို့အပြင်ကစကားပြောတဲ့အခါ ကလေးလေးကကြားနေမှာပါ။ ဒါက ကလေးနဲ့ဆက်သွယ်ဖို့ အခွင့်ကောင်းပါ။ သီချင်းဆိုပြတာ စကားပြောပေးတွေ လုပ်လို့ရပါပြီ။ ဘာပြောနေမှန်း နားမလည်သေးပေမယ့် အသံကိုတွေကြားနေကြဖြစ်သွားမှာပါ။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ


ဒီအပတ်မှာ ဗိုက်ထဲကလှုပ်ရှားတာကို ခံစားမိလာပါလိမ့်မယ်။ မေမေအသစ်လေးတွေကတော့ အစာခြေတာလေပွတာလို့ထင်နိုင်ပေမယ့် အမှန်တော့ ကလေးလေးကန်တာပါ။ ဒီလိုလှုပ်ရှားတာက ကိုယ်ဝန်ရင့်လာလေ ပိုပြီးသိသာလာမှာပါ။ ဗိုက်က အခုဆို ပိုလို့တောင်ကြီးလာမှာပါ။ ဝတ်နေကျအင်္ကျီတွေဆို တော်တော့မှာမဟုတ်ပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ဈေးဝယ်ထွက်လို့ရပါပြီ။ ဗိုက်ဖုံးအင်္ကျီတွေက လုံးဝလို အပ်တာမျိုးတော့မဟုတ်ပါဘူး။ ချောင်ချောင်ချိချိဝတ်လို့ရရင် အဆင်ပြေပါပြီ။ ဥပမာ- ဘယ်အရွယ်မဆိုဝတ်လို့ရတဲ့ တစ်ဆိုဒ်ထဲလာတဲ့ ဂါဝန်အရှည်လို မျိုးပေါ့။ ဒီလိုအဝတ်အစားတွေဆို မွေးပြီးရင်လည်း ဝတ်လို့ရတာပေါ့။ ဒါပေမယ့်အဝတ်အစားက သက်တောင့်သက်သာရှိပြီး ခန္ဓာကိုယ်ကို စည်းထားတာမျိုးတော့မဖြစ်ရပါဘူး။ အခုခန္ဓာကိုယ်ပုံစံကို လက်ခံလိုက်ပါ။မွေးပြီးမှ ဝိတ်ချဖို့ကိုပြန်ပြီးစိတ်ပူကြတာပေါ့။


သိသင့်သိထိုက်တာလေးတွေ


တစ်ခါတစ်လေ အသက်ရှုကျပ်သလိုမျိုးဖြစ်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။ များသောအားဖြင့် ဒုတိယ ၃ လပတ်မှာ ပိုအဖြစ်များပါတယ်။ အသက်ရှုမဝတာလည်း ကိုယ်ဝန်ဟော်မုန်းတွေကြောင့်ပါဘဲ။ ဒီဟော်မုန်းက ကလေးလေးအတွက်ပါ အောက်ဆီဂျင်များများရှုသွင်းဖို့ ဦးနှောက်ကို သွားလှုံဆော်ပါတယ်။ ဒီဟော်မုန်းက အသက်ရှုလမ်းကြောင်းမှာရှိုတဲ့ ဆံချည်မျှင်သွေးကြောတွေကို ပိုကျယ်လာအောင်လုပ်ပြီး လေပိုရှုသွင်းနိုင်တယ်လို့ထင်ရအောင် အဆုတ်ကြွက်သားတွေကို ဖြေလျှော့ပေးတာလည်းလုပ်ပါတယ်။ တစ်ခြားအသက်ရှုကျပ်ရတဲ့ အကြောင်းကတော့ ကလေးလေးက မေမေတို့ရဲ့ ရင်ဘတ်နဲ့ဝမ်းဗိုက်ကို ခွဲထားတဲ့အကန့်ကို သွားဖိမိလို့လည်းဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် ကလေးလေးကပိုကြီးထွားလာတဲ့အခါ အသက်ရှုကျပ်တာလည်းပိုဖြစ်ဦးမှာပါ။

မေမေတို့ကိုယ်ဝန်ဆောင်ကာလ (၁၆) ပတ်အတွက် သိကောင်းစရာများမေမေတို့ကိုယ်ဝန်ဆောင်ကာလ (၁၆) ပတ်အတွက် သိကောင်းစရာများ
0
3
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်