🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၁၅ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

အခု၁၅ပတ်မြောက်ကို ရောက်လာတဲ့အခါမှာ ပန်းသီးအရွယ် ၇၅ ဂရမ် ၁၀ စင်တီမီတာလောက် ရှိလာပါပြီ။ ကလေးလေးက ဆက်ပြီးဖွံ့ဖြိုးလာကာ ခြေလက်လေးတွေ စလှုပ်လို့တောင်ရနေပါပြီ။ မကြာခင်မှာ ဗိုက်ထဲက လှုပ်ရှားမှုတွေကို ခံစားမိလာမှာပါ။ ကလေးလေးက အသက်ရှုဖို့ မျိုချဖို့ စုပ်ယူဖို့ကို သင်ယူနေပါပြီ။ မွေးလာတဲ့အခါ အသက်ရှင်နေနိုင်ဖို့ ဒါတွေကို သူလေးနေ့တိုင်းလေ့ကျင့်နေလေရဲ့။ ဒီအပတ်မှာ အာထရာဆောင်းရိုက်ကြည့်ရင် ကျားမခွဲလို့ ရချင်ရနေလောက်ပြီနော်။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သွားဖုံးက ပိုပြီးထိမိရှုမိလွယ်လာတာ သတိထားမိကြမလား။ သွားဖုံးက သွားတိုက်ဆေးသွားပွတ်ကြိုးတွေနဲ့ တိုက်တိုင်း နီပြီးရောင်လာတာ သွေးထွက်လွယ်တာမျိုး ဖြစ်လာနိုင်ပါ တယ်။ သွားဖုံးရောင်တင်းခြင်းလို့ သွားဆရာဝန်တွေ ခေါ်ပါတယ်။ အဖြစ်များပြီး ကိုယ်ဝန်ဟော်မုန်းကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်မဆောင်ခင်ကထက် သွားကိုပိုဂရုစိုက်ဖို့လိုပါတယ်။ တစ်နေ့ကို ၂ ကြိမ်အနည်းဆုံး သွားတိုက်ဖို့ တိုက်တွန်းပါရစေ။ ဒါပေမယ့် အစာစားပြီးတိုင်း တစ်နေ့ကို ၃ ကြိမ်တိုက်တာ အကောင်းဆုံးပါပဲ။ သွားတွေကို လျစ်လျူမရှုထားပါနဲ့။ အရိုးတွေ သွားကို အထောက်အကူပေးတဲ့ တစ်ရှုးတွေကို ရောဂါပိုးတွေဝင်ပြီး

လမစေ့ဘဲမွေးတာ သွေးပေါင်တက်ပြီးလာတာမျိူးဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ပြီး

သွားသန့်ရှင်းနေဖို့ကို အဓိကထားကြပါ။


သိသင့်သိထိုက်တာလေးတွေ

စိတ်ခံစားချက်အပြောင်းအလဲတွေလည်း ကြုံရမှာပါ။ စိတ်က အမြဲပြောင်းနေပြီး ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဖြစ်နိုင်တာလေးတွေပါ။


• အကြောင်းပြချက်မရှိဘဲ ငိုခြင်း

• ကိုယ်ဝန်အကြောင်းတွေးလိုက်ရင် စိတ်မပူဘဲပျော်လာခြင်း

• နဂိုရှိပြီးသားအင်္ကျီတွေ ဝတ်လို့မရတော့တဲ့အခါ စိတ်မကောင်းဖြစ်ခြင်း

• အာရုံစိုက်လို့မရရင် စိတ်တွေမွန်းကျပ်လာခြင်း

• တစ်ခုခုမေ့သွားတဲ့အခါ ဒေါသထွက်ပြီး ပစ္စည်းတွေကောက်ပေါက်ချင်စိတ်ဖြစ်ခြင်း


ဒီခံစားချက်တွေက ဆိုးရွားနေနိုင်ပေမယ့် နောက်အပတ်တွေကျ အဆင်ပြေသွားမှာပါ။ စိတ်ဖြေလျှော့ဖို့ တစ်ယောက်ယောက်နဲ့စကားပြောတာ ကိုယ်ဝန်ဆောင်ကာလမှာ ဒိုင်ယာရီရေးတာ သီချင်းနားထောင်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းကပဲ ဒီခံစားချက်တွေကိုဖြစ်စေနေတာပါ။ ဒီအချိန်မှာ ဘာဆုံးဖြတ်ချက်မှ မချတာကောင်းပါတယ်။ ကောင်းကောင်းစဉ်းစားနိုင်တဲ့အချိန် နောက်အပတ်တွေအထိ စောင့်ကြပါ။

ကိုယ်ဝန်ဆောင်ကာလ ၁၅ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာကိုယ်ဝန်ဆောင်ကာလ ၁၅ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ
1
10
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်